ဆော်ဒီဲအာရေဗျကထွက်ခွာလာတဲ့ ဇေလင် စကီး ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ရှောင်တ ခင် ဝင်ရောက်

ရုရှားနဲ့စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ယူကရိန်း နိုင်ငံက သမ္မတ ဗိုလိုဒီမြာဇေလင်စကီးကို ခုနစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲလာတက်ဖို့ အိမ်ရှင်ဂျပန်ဝန်ကြီးချုပ် ဖုမိအောကိရှိဒ က အထူးတလည်ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်ဖို့မသေချာဘူးလို့ မေ၁၉မှာ ဂျပန်ဝန်ကြီးချုပ်ကိုယ်တိုင်က ပြောကြား ထားပါတယ်။

အဲဒီနေ့မှာပဲ ဇေလင်စကီးဟာ ဆော်ဒီအာရေ ဗျနိုင်ငံကို ရောက်လာတယ်။ ဂျက်ဒါမြို့မှာ ကျင်းပတဲ့ အာရပ်ထိပ်သီးဆွေးနွေးပွဲကို ဝင်တက်တယ်။

အာရပ်ခေါင်းဆောင်အချို့ဟာ စစ်ဘေးသင့် နေသူတွေနဲ့ တရားမဝင် ကျုးကျော်ဝင် ရောက်မှုတွေကို မျက်ကွယ်ပြုနေကြတယ် လို့ မကျေမနပ်ပြောကြားခဲ့တယ်။ အာရပ် ကမ္ဘာရဲ့သမိုင်းမှာ ကြုံခဲ့ဖူးတဲ့ ကျူးကျော် သိမ်းပိုက်မှုတွေမှာလိုပဲ ယူကရိန်းဟာ ကျူးကျော်သူတွေကို တိုက်ထုတ်နေရတယ် လို့လည်းပြောပါသေးတယ်။ အဲဒီဆွေးနွေးပွဲတက်ပြီးတော့ မေ၂၀မှာ ဂျပန်နိုင်ငံကို ဇေလင်စကီးဆက်သွားတယ်။ မွန်းလွဲပိုင်းမှာ ဟီရိုရှီးမားလေဆိပ်ကို ရောက်တယ်။မေ၂၁ မှာ ခုနစ်နိုင်ငံ ထိပ် သီးဆွေးနွေးပွဲကို ရှောင်တခင်တက် ရောက်မယ်လို့ သိရတယ်။

Ref: CNN

Leave a Reply

Your email address will not be published. Required fields are marked *