ကမ္ဘာတစ်ဝှမ်း ကိုဗစ်ရဲ့ ခြေလှမ်းတွေ ငြိမ်စပြုလာတဲ့ အချိန်ဆိုတော့ ဥရောပ၊အမေရိက နဲ့ အာရှက သူတွေပါ မကျန် ခရီးတွေ ထွက်နေကြပါပြီ။ ကိုဗစ်ကြောင့် သည်းခံစောင့်ဆိုင်းခဲ့ရသမျှ အခုတော့ အားလုံးကို ဖွင့်ထုတ်ချလိုက်သလိုမျိုးပေါ့။ ဒီတော့ သင်က ကမ္ဘာအနှံ့က ဘယ်နေရာကိုသွားလည်ပတ်မှာလည်း၊ ဘယ်နေရာမှာ တည်းခိုမှာလည်း ဒါတွေက မသိမဖြစ်သိရမှာတွေပါ။ အခု ၂၀၂၂ နိုဝင်ဘာမှာ ထုတ်ပြန်ထားတဲ့ ကမ္ဘာ့တစ်လွှားက အပန်းဖြေဖို့ အကောင်းဆုံးဟိုတယ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ The Brando, French Polynesia

တောင်ပစိဖိတ် သမုဒ္ဒရာထဲက တဟီတီ ကျွန်းမှာ ရှိတဲ့ ဇိမ်ခံဟိုတယ် တစ်ခုပါ။ သီးသန့် ကျွန်းအပန်းဖြေစခန်း တစ်ခုလို့လည်းဆိုနိုင်ပါတယ်။
ကမ္ဘာကျော်တွေ အနုပညာရှင်တွေ ဖြစ်တဲ့ လီယိုနာဒို၊ ဘရက်ဒလေ ကူးပါး၊ အယ်လန် ဒီဂျန်နရက်စ် တို့အပြင် သမ္မတဟောင်း အိုဘားမား ရဲ့ အကြိုက်ဆုံး ဟိုတယ်တွေထဲက တစ်ခုလို့လည်း ဆိုရမှာပါ။ ဒါ့အပြင် ကင်မ် ကာဒစ်ရှန်ရဲ့ အသက်၄၀ ပြည့် မွေးနေ့ကို ကျင်းပခဲ့တဲ့ ဟိုတယ်ဆိုလည်း မမှားပါဘူး။
ဟိုတယ်ဆိုပေမယ့် သက်ကယ်မိုးအိမ် ၃၅ လုံးနဲ့ သာ ဖွဲစည်းထားပြီး အိမ်တစ်လုံးစီမှာ သီးသန့် ရေကူးကန်၊ ထမင်းစားခန်း ပါရှိသလို လန်ဒန် ဒါမှမဟုတ် နယူးယောက်က ကြယ်ငါးပွင့်ဟိုတယ်တွေမှာ သင်ခံစားနိုင်ဖွယ်ရှိတဲ့ သက်တောင့်သက်သာရှိမှုအားလုံး ဒီဟိုတယ်အိမ်လေးထဲမှာ ရနိုင်ပါတယ်။
သင့်အိပ်ယာထဲကနေ ခြေလှမ်းလေး နည်းနည်း ဆန့်လိုက်တာနဲ့ သမုဒ္ဒရာသဲသောင်ဖွေးဖွေးပေါ်ကို ခြေချနိုင်ပါတယ်။
တစ်ညတာတည်းခိုစားရိတ်ကတော့ အမေရိကန်ဒေါ်လာ၃၂၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။
၂။ Matakauri Lodge, New Zealand

ရှုခင်းတွေချည်းပဲရှိနေတဲ့ သာယာအေးချမ်းလှတဲ့ ဝါကာတီပူ ရေကန်ကို နောက်ခံထားထားတဲ့ရှုခင်းတွေရယ် တောင်တန်းလှလှတွေရယ်နဲ့ နယူးဇီလန်နိုင်ငံ တောင်ကျွန်းက ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ နေရာတစ်ခုပါ။
လေ့လာရေးခရီးတွေမှာ ဘန်ဂျီခုန်တာ၊ မိုးပျံခုန်တာ၊ ဖောင်ဆွဲတာ၊ ချောက်လှန့်တာတွေနဲ့ ဝိုင်ခရီးစဉ်တွေ ပါလေ့ရှိတဲ့ ခရီး စဥ်မျိုးတွေကို ငြီးငွေ့နေတဲ့ သူတွေ အတွက်တော့ လှပတဲ့ရေကန်ကြီးနဲ့တောင်တန်းတွေ ရှုခင်းတွေ ကြားထဲရောက်သွားမယ့် အတွေ့ကြုံသစ်ကို ပိုနှစ်သက်မှာ အသေအချာပါ။
ဒါတင်မက ဒေသထွက်အစားအစာနဲ့ သီးနှံမျိုးစုံကိုလည်း မြည်းစမ်းခွင့်ရဦးမှာပါ။
နှစ်ထပ်တည်းခိုခန်းတွေ ဖြစ်ပြီး တစ်ညတာ တည်းခိုစာရိတ်ကတော့ အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁၁၃၀ ကျသင့်မှာ ဖြစ်ပါတယ်။
၃။ Sensei Lanai, A Four Seasons Resort, Lanai, Hawaii

မြောက်ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ ဟာဝိုင်အီကျွန်းမှာရှိပြီး အရမ်းကိုအေးချမ်းပြီး ဆိတ်ငြိမ်တာမို့ သင့်ကိုယ်ပိုင်ကျွန်းပေါ်မှာ ရောက်နေသလိုမျိုး ခံစားရမှာပါ။
နောက်တော့ တောတောင်တွေထဲမှာ မြူခိုးတွေဖုံးနေတဲ့ တောင်တန်းတွေကြားမှာ မသိမသာ ဖွက်ထားသလို ပျောက်ကွယ်နေတာမို့ တခြားဧည့်သည်တွေက သင်ကိုသတိထားမိမှာမဟုတ်ဘူး။
ဒါ့အပြင် သီးသန့်ကျန်းမာရေး ခရီးစဉ်တစ်ခု ရမှာဖြစ်ပြီး၊ မနက်ပိုင်း တရားထိုင်တာကစ ရေချိုးတာ အထိ အရာအားလုံးအတွက် သင့်ကို spa Treatment ရဲ့ ဝန်ဆောင်မှုတွေနဲ့ သင့်ရဲ့ရှည်လျားတဲ့ စိတ်ဖိစီးမှု ဒါမှမဟုတ် စိုးရိမ်ပူပန်မှု စတာတွေကို ပြေပျောက်စေဖို့ တာဝန်ယူမှာပါ။
တစ်ညတာ တည်းခိုကကတော့ အမေရိကန်ဒေါ်လာ၁၃၂၀က နေ စတယ်လို့ သိရပါတယ်။
၄။ Hotel Château du Grand-Lucé, France

ပြင်သစ်နိုင်ငံက bucolic Loire တောင်ကြားမှာ နစ်မြုပ်နေတဲ့ ၁၈ ရာစုရဲ့ အေးချမ်းသာယာလှတဲ့ ဘုရားကျောင်းတစ်ခုဟာ ဒီနေ့ကမ္ဘာ့ကြီးဆီကနေ မိုင်တစ်သန်းကွာဝေးတဲ့ ခံစားမှုမျိုး ရနေပေမယ့် ပဲရစ်မြို့ကနေ ရထားနဲ့သွားရင်တော့ ၅၅မိနစ်လောက်ပဲကြာမှာပါ။
ကျယ်ပြောလှသော နေရောင်အပြည့်ရနေတဲ့ အခန်းပေါင်း ၁၇ခန်းနဲ့ ဖွဲစည်းထားပြီး တစ်ခန်းစီမှာ လက်နဲ့ခြယ်ထားတဲ့ နံရံဆေးရေးပန်းချီတွေ၊ အနုပညာမြောက်ဖန်မီးဆိုင်းတွေ အပါအဝင်ရှေးဟောင်း လူးဝစ်၁၅ ဘုရင်ခေတ်လက်ရာ ပရိဘောဂတွေနဲ့ ခင်းကျင်းပြင်ဆင်ထားသေးတာမို့ သင့်အချိန်တွေကို နောက်ပြန်ဆုတ်သွားသလို ခံစားစေမှာပါ။ အခမ်းနားဆုံး အစိတ်အပိုင်းကတော့ Le Grand-Lucé Suite ရဲ့ အံ့မခန်းပန်းခြံတွေရဲ့ ကျယ်ပြောလှတဲ့ ရှုခင်းတွေနဲ့ ချစ်စရာကောင်းတဲ့ ရေကန်လေးပဲ ဖြစ်ပါတယ်။
တစ်ညတာ တည်းခိုခကတော အမေရိကန်ဒေါ်လာ ၈၇၀ က စပါတယ်။
၅။ Jack’s Camp, Botswana

သင်က အားလုံးကိုချန်ထားခဲ့ပြီး လွတ်မြောက်ရာနေရာတစ်ခုကို သွားချင်တာလား။ အရမ်းကို သီးသန့်လွတ်မြောက်တဲ့ ကာလာဟာရီ သဲကန္တာရထဲက ဧကတစ်သန်းကျယ်ဝန်းတဲ့ ကိုယ်ပိုင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောထဲမှာ ဖွင့်ထားတဲ့ ဇိမ်ခံဆာဖာရီစခန်းတစ်ခုမှာဆိုရင်တော့ ဒိထက် လွတ်မြောက်တာ ရှိနိုင်ပါ့ဦးမလား။
၁၉၉၃ ခုနှစ်မှာ ဖွင့်ခဲ့တဲ့ သမိုင်းဝင်စခန်းကို ပြုပြင်မွမ်းမံပြီး ၂၀၂၁ ခုနှစ်အစောပိုင်းက ဖွင့်ခဲ့တဲ့ အဲဒိဟိုတယ်မှာ ဧရာမဇိမ်ခံတဲကိုးခုရှိပြီး ပိုစတာလေးထပ်ကုတင်တွေရယ်၊ လှပတဲ့ ရှေးခေတ် ဆာဖာရီဒီဇိုင်းတွေနဲ့အလှဆင် ထားပါတယ်။
သီးသန့် ရေကူးကန်၊ စာကြည့်တိုက်တစ်ခု၊ ဘိလိယက်အခန်း၊ ဘားတစ်ခုနဲ့ ပါရှန်ကော်ဇောတွေ ပလပ်စတစ် ကူရှင်တွေနဲ့ ခင်းကျင်းထားတဲ့ အရသာရှိရှိ လက်ဖက်ရည်ဆိုင်လေးတစ်ခုလည်း ရှိနေပါသေးတယ်။
တစ်ညတာ တည်းခိုဖို့နူန်းထားတွေကတော့လူတစ်ဦးအတွက် အမေရိကန်ဒေါ်လာ၁၄၅၀ ကနေ စပြီးကျသင့်မှာ ဖြစ်ပါတယ်။
Ref: CNN Travel