ဆူနာမီသတိပေးချက်ထုတ်ပြန်ထားတဲ့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အကူအညီလိုအပ်ရင် မြန်မာသံရုံးကို ဆက်သွယ်နိုင်

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဆူနာမီသတိပေးချက်

များထုတ်ပြန်ထားတဲ့ ဂျပန်ကမ်းရိုးတန်းဒေသများမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ အရေးပေါ်အကူ အညီလိုအပ်ရင် ဆက်သွယ်နိုင်တယ်လို့ ဇန်နဝါရီ လ၂ရက်နေ့က အသိပေးချက်ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံမှာ ဇန်နဝါရီလ၁ရက်နေ့က ရစ်(ခ်)တာစကေး ၇.၆အဆင့်ရှိတဲ့ အင်အားပြင်းမြေငလျင်တွေ လှုပ်ရှားခဲ့တာကြောင့် ဂျပန်နိုင်ငံရဲ့ Toyama, Hyogo, Niigata, Fukui နဲ့ Yamagata စတဲ့ပြည်နယ်များက ကမ်းရိုး တန်းတလျောက်မှာ ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေအနေနဲ့ ဂျပန်နိုင်ငံက ဒေသအာ ဏာပိုင်အဖွဲ့ တွေက အချိန်နဲ့တပြေးညီ ထုတ်ပြန်တဲ့ သ တင်းထုတ်ပြန်ချက်တွေကို အထူးဂရုစိုက်စောင့်ကြည့်နားထောင်ကြဖို့ အသိပေးထားတဲ့ အပြင် မြန်မာနိင်ငံသားတွေအနေနဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာရပါက တိုကျိုမြို့ရှိ မြန်မာသံရုံးဖုန်းနံပါတ် ၀၇၀-၄၄၁၃-၇၃၈၃ သို့ဆက်သွယ်အကူ အညီတောင်း ခံနိုင်ကြောင်း ကြေညာထားတာ ဖြစ်ပါတယ်။

Visited 94 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *