
Photo Credit: Ashraf Shazly/AFP/Getty Images/FILE
ဝါရှင်တန်၊ ဧပြီ ၂၃
တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်နေတဲ့ ဆူဒန်နိုင်ငံထဲက အမေရိကန် အစိုးရ ဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းလိုက် တယ်လို့ သမ္မတ ဂျိုး ဘိုင်ဒန်က ဧပြီ ၂၂ရက် စနေနေ့မှာ ပြောပါတယ်။
“ဒီကနေ့ ကျွန်တော့်ရဲ့အမိန့်အရ အမေရိကန်စစ်တပ်ဟာ ခါတွန် ကနေ အမေရိကန်အစိုးရဝန်ထမ်းတွေကို ထုတ်ယူဖို့ စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့ပါတယ်”လို့ ဘိုင်ဒင်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
သီးခြားထုတ်ပြန်ချက်တစ်ခုမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က အမေရိကန်ဝန်ထမ်းတွေနဲ့ မိသားစုအားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ပြီး မြို့တော်တော်ခါတွန် မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ လုပ်ငန်းတွေကိုလည်း ယာယီရပ်ဆိုင်းထားလိုက်ပြိလို့ ပြောပါတယ်.
အခုလို ကယ်ဆယ် ပြောင်းရွှေ့တဲ့မစ်ရှင်ကို အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင် ၁၀၀ ကျော်နဲ့ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ အဆိုပါ စစ်ဆင်ရေးကို US Africa Command က ဦးဆောင်ပြီး နိုင်ငံခြားရေးဌာနနဲ့အနီးကပ် ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့အ ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးလွိုက် အော်စတင်က ပြောကြားလိုက်တယ်လို့ လည်းသိရပါတယ်။
Ref: CNN
ဆူဒန်ပြသနာ အကျဥ်း

နိုင်ငံရဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ် ဖာတက် အယ် ဘာဟန် နဲ့ Rapid Support Forces (RSF) လို့ခေါ်တဲ့ ဆူဒန်အရန်တပ်ရဲ့ အကြီးအကဲ မိုဟာမက် ဟမ်ဒန် ဒါဂါလို တို့ နှစ်ဖွဲ့ ရဲ့ တိုက်ပွဲဖြစ်ပါတယ်။
တရားဝင်ရော တရားဝင်မဟုတ်တဲ့ ခန့်မှန်းချက်တွေအရ ဆူဒန်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်အင်အားက ၂၂၀,၀၀၀ ဝန်းကျင်ရှိနေပြီး RSFကတော့ ခန့်မှန်းခြေ ၇၀,၀၀၀ လောက်သာ ရှိမယ်လို့ သိရပေမယ့် RSF တပ်တွေက လေ့ကျင့်သင်ကြားမှု အားသာပြီး ပိုမို ကောင်းမွန်တဲ့ လက်နက်တပ်ဆင်မှုတွေ ရှိနေတယ်လို့ သိရတယ်။
ပြသနာအစ ဧပြီလ ၁၃ ရက်နေ့မှာပဲ ပွဲဦးထွက်မှာကိုပဲ အနည်းဆုံး လူ ၈၃ ဦး သေဆုံးပြီး ၁၁၂၆ ဦးထက်မနည်း ဒဏ်ရာ ရရှိ ခဲ့ ပြီးဖြစ်တယ်။
အဲဒိ စစ်ခေါင်းဆောင်နှစ်ဦး ဟာ ၂၀၁၉ ခုနှစ်မှာ ဆူဒန်ရဲ့ အာဏာရှင် အိုမာ အယ် ဘာရှား ကို ဖြုတ်ချခဲ့ရာမှာ ထိပ်ဆုံးက ဦး ဆောင် ခဲ့သူ နှစ်ဦး ဖြစ်တယ်။
မကြာသေးတဲ့ အချိန်ကစလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေ အပြီး စစ်ခေါင်းဆောင်နှစ်ဦးကြား မဟာမိတ်ဖွဲ့မှု အနေ အထား ဟာ စပြီးကွဲအက်သွားခဲ့တယ်။
စေ့စပ်ညှိနှိုင်းမှုတွေရဲ့ အဓိက အကြောင်းအရာက အရပ်ဘက်အုပ်ချုပ်ရေးကို ကူးပြောင်းဖို့ ဖြစ်တယ်။
နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခုကတော့ အရပ်ဘက် အစိုးရ တက်လာချိန် စစ်တပ်ရဲ့ နေရာ၊ RSFရဲ့ ဖွဲ့စည်း ပုံ စတာ တွေဟာ စစ်တပ်ရဲ့ ကွပ်ကဲမှာ အောက်မှာ ရှိ၊မရှိ စတဲ့ အချက်တွေ ညှိုနှိုင်းရာမှာ နှစ်ဖက် လိုချင်တဲ့ အဖြေမထွက်ခဲ့ဘူးလို့ ဆိုပါတယ်။
ပြန်ချုံ့ရရင်တော့ အခု ဖြစ်နေတဲ့ ဆူဒန်ရဲ့ ပြည်တွင်းစစ်ဖြစ်လုနီး တိုက်ပွဲတွေရဲ့ ဇစ်မြစ်ကို ပြန်ကြည့်ရင် အာဏာအဝေ မတဲ့မှုကနေ ပေါက်ကွဲလာတဲ့ အာဏာလုပွဲ လို့ပဲ ဆိုရပါမယ်။



