ဆီးရီးယားမှာ ဖွင့်ထားတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုလုပ်

အဆောက်အဦးပျက်ဆီးပြီး အထဲကလူတွေ အကုန်သေ

ဒမတ်စကတ်၊ ဧပြီ ၁

တနင်္လာနေ့ (ဧပြီ ၁ ရက်) က ဆီးရီးယားမှာရှိတဲ့ အီရန်သံရုံးရဲ့  ကောင်စစ်ဝန်ရုံးကို အစ္စရေးကလေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့်  တော်လှန်ရေး အစောင့်တပ်မှူးတစ်ဦး အပါအဝင် ရုံးထဲက လူအားလုံးကို သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့  အီရန်နိုင်ငံပိုင် ရုပ်သံက ပြောဆိုလိုက်ပါတယ်။

ဗြိတိန်အခြေစိုက် စစ်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်တဲ့ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး အဖွဲ့က “အစ္စရေးဒုံးကျည်တွေနဲ့… အီရန်သံရုံးကနေတိုးချဲ့ပြီး ဆောက်ထားတဲ့ အဆောက်အအုံကို တိုက်ခိုက်ဖျက်ဆီးလိုက်လို့ အစောင့်တပ်ဖွဲ့ဝင် အများအပြား အပါအဝင် လူ ရှစ်ဦး သေဆုံးခဲ့ပါတယ်” လို့ ပြောပါတယ်။

F35 ဂျက်တိုက်လေယာဉ်တွေ လာ တိုက်ခိုက်လို့  အနည်းဆုံး လူငါးဦး သေဆုံးခဲ့တဲ့အကြောင်း တိုက်ခိုက်မှု ဖြစ်တဲ့အချိန် အပြင်ရောက်နေတဲ့   ဆီးရီးယားဆိုင်ရာ အီရန်သံအမတ် ဟော့စိန် အကာဘရီ က အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ပြောဆိုခဲ့ပါတယ်။

ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်တွေနဲ့  အစ္စရေး မဟာမိတ်တွေကြား အကြမ်းဖက်မှုတွေ ပြင်းထန်လာချိန် ဒမတ်စကတ်မှာလည်း  အသေအပျောက်များတဲ့ တိုက်ခိုက်မှုတွေ စ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

AFP သတင်းထောက်တွေဟာ  အဆောက်အအုံအပျက်ထဲကို လျှိုဝင်သွားတာ တွေ့ခဲ့ရပြီး  အပျက်အစီးတွေအောက်က ဒုက္ခသည်တွေကို  ရှာဖို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက အပြေးအလွှား ရှာဖွေနေကြပြီး ဒမတ်စကတ် ခရိုင် မတ်ဇက်မှာ  ဥသြသံတွေ မပြတ်ကြားနေရကြောင်း လည်း သိရပါတယ်ိ။

Ref: CAN

ပုံစာ။ ပျက်စီးသွားတဲ့ အဆောက်အဦးကို တွေ့ရပုံ

Feature Image Credit: AFP

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *