ဇွန်၂၅ရက်က ဆီးရီးယားနိုင်ငံအနောက် မြောက်ပိုင်း သူပုန်တွေ သိမ်းပိုက်ထားတဲ့ အစ်ဒလစ်ဒေသ ဂျီစရာလ်ရှူဂါမြို့မှာ ရုရှားလေယာဉ်တွေလာပြီး ဗုံးကြဲတိုက်ခိုက် လို့ လူ၉ဦးသေဆုံးတဲ့အကြောင်း ဦးထုပ်ဖြူ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကအတည်ပြုတယ်။
သစ်သီးနဲ့ဟင်းသီးဟင်းရွက်ဈေးထိပ်နား မှာ ဗုံးတွေကျပြီး မီးခိုးလုံးကြီးတွေ တလိပ် လိပ်တက်လာတာ တွေ့ရတယ်လို့ ဒေသခံ တွေကပြောတယ်။ ဒီဒေသမှာ ဗုံးကြဲတိုက် ခိုက်ခံရတာ ဒါဒုတိယအကြိမ်ဖြစ်တယ်လို့ဦးထုပ်ဖြူအဖွဲ့ပြောခွင့်ရသူကဆိုတယ်။
ဒီ ၂၀၂၃ခုနှစ်ထဲမှာ သူပုန်အင်အားစု သိမ်းပိုက်ခံထားရတဲ့ ဆီးရီးယားနိုင်ငံ အ နောက်မြောက်ပိုင်းဒေသကို လေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာမှာ ဒီတစ်ခါ လူအသေအပျောက်အများဆုံးဖြစ်တယ်လို့ အဲဒီဦးထုပ်ဖြူအဖွဲ့က ထုတ်ပြန်ကြေညာ တယ်။
ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာ ဆတ်ကို စစ်ကူပေးနေတဲ့ ရုရှားဟာ လွန် ခဲ့တဲ့လအနည်းငယ်တုန်းက လေကြောင်း တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်ခဲ့ တယ်လို့ အမေရိကန်ဘက်က ထောက် ပြတယ်။
Ref: CNN