ဆီသယ်ကား ထပ်မှောက်ပြန်

၁၀ ဒီဇင်ဘာ၊၂၀၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ သင်းထော်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ သင်းထော်ကွေ့တွင် ဆီသယ်ယာဉ်(၁)စီး၊ သည်ကနေ့မနက်၊ ၁၀နာရီ အချိန်ကတိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် သထုံမြို့နယ်မီးသတ်စခန်းမှမီးငြိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိမ်းမှောက်ရာနေရာကို သထုံမီးသတ်တပ်ဖွဲ့က မီးရေသယ်ယာဉ်(၁)စီး၊ ကျိုက္ကော်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့နဲ့ မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများ ထွက်ခွာဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

ဒီဇင်ဘာလ၈ရက်နေ့ကလဲ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ် (၃၃/၄)မှာ ဆီသယ်ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သလို၊ ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်း မှာ ဆီသယ်ယာဉ် (၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဥ်တစ်စီးလုံး မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *