ဆီဆိုင်စျေးကြီး မီးလောင်

၁၅ ဖေဖော်ဝါရီ၊၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ မြို့မစျေးဒီနေ့န ညနေ ၄နာရီကျော်ခန့်က မီးလောင်ခဲ့တယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။

“မြို့ထဲလဲလူဆယ်ဂဏန်းလောက်ပဲကျန်ခဲ့တာ ငြိမ်းဖို့မီးသတ်ကားလဲမရှိဘူး ဖုန်းလိုင်းတွေလဲပြတ်နေတယ်ငြိမ်းမယ့်သူလဲမရှိ “လို့ ဆီဆိုင်မြို့ခံတဦးကပြောပါတယ်။

ည၉နာရီအချိန်ထိ မီးမငြိမ်းသေးဘဲ၊ဘာကြောင့်မီးလောင်တယ်ဆိုတာ မသိဘူးလို့ဆိုပြီး၊မီးဟာ စျေးတောင်ဖက် မိန်းလမ်းနေရာကနေ စတင်လောင်ကျွမ်းနေတာလို့ဆို ဒေသခံတဦးကပြောပါတယ်။

ဆီဆိုင်မြို့ကိုလက်ရှိပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်PNLAထိန်းချုပ်ထားပြီး၊ ဆီဆိုင်မြို့နယ်မှာ တပ်မတော်နဲ့ PNO ကတဖက်၊ PNLA မဟာ မိတ်တပ်များက ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *