ဆီစျေး မြင့်တက်လာ

၂၆ ဇန်နဝါရီ၊၂၀၂၄

နေပြည်တော်၊ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးကစက်သုံးဆီအရောင်းဆိုင်တွေမှာ တစ်လီတာကို၁၅၀ကျပ်နီးပါးထိမြင့်တက်နေတယ်လို့ စက်သုံးဆီအရောင်းဆိုင်တွေဆီက သိရပါတယ်။

ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် စက်သုံး ဆီ စျေးနှုန်းများ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ဓာတ်ဆီ 92 တစ်လီတာကို ငွေကျပ် ၁၂၀၊နဲ့ဒီဇယ်ဆီတစ်လီတာကိုငွေကျပ် ၂၀ကျပ်ဝန်းကျင်မြင့်တက်နေတာလို့ ယာဥ်မောင်းအချို့ဆီက ပြောပါတယ်။

“အချို့ဆိုင်95ထည့်မရဘူး၊ စင်ကာပူမှာ ဆီစျေးတက်လို့ ဒီမှာ စျေးလိုက်တာလို့ ဆီဆိုင်တွေက ပြောတယ်။ ဒေါ်လာစျေးကလည်း တက်နေတယ်လို့ ပြောတယ် ကားဆွဲပါးရတဲ့အထဲ စျေးကထပ်တက်တော့ လုပ်စားရတာအဆင်မပြေတော့ဘူး”လို့အငှားယာဥ်မောင်း တဦးက ပြောပါတယ်။

လက်ရှိိအချိန်ရန်ကုန်မှာ 92 တစ်လီတာ၂၇၀၅ ကျပ် ၊ 95 တစ်လီတာကို ၂၈၄၅ ကျပ်မြင့်တက်နေပြီး အချို့ဆိုင်တွေ ပေါက်စျေးထက်ပိုမိုရောင်းချနေတယ်လို့စက်သုံးဆီဖြည့်ခဲ့သူတွေဆီကသိရပါတယ်။

စက်သုံးဆီစျေးတွေမြင့်တက်နေပေမယ့် လိုသလောက်ထည့်လို့ရနေသေးပြီး၊နယ်အချို့မှာ တလီတာကို ၂၀၀ကျပ်အထိစျေးမြင့်ပြီးရောင်းချနေတယ်လို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *