ကျောင်းသား ၁၆ယောက် အဖမ်းခံထားရ

Photo Credit: Reuters
Photo Credit: Reuters
ဆိုးလ်၊ ဩဂုတ်၊ ၂၅
သမုဒ္ဒရာထဲကို ဂျပန်နိုင်ငံရဲ့ နျူကလီးယားစွန့်ပစ်ရေ စွန့်ထုတ်တဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ မကျေနပ်ကြတဲ့ တောင်ကိုရီး ယားကျောင်းသားတွေကဆိုးလ်းမြို့က ဂျပန်သံရုံးထဲ စီးနင်းဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဩဂုတ်လ ၂၄ရက်နေ့က ဖြစ် ပွားခဲ့ပါတယ်။ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲမှာတော့ ကျောင်းသား၁၆ယောက်ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရ ပါတယ်။
ဖြစ်စဥ်က ဂျပန်နိုင်ငံ ဖူကူရှီးမားမှာ တည်ထားတဲ့ ဒိုင်အိချိနျူကလီးယားစက်ရုံရဲ့ နျူကလီးယားစွန့်ပစ်ရေတွေကို ရေအောက် ပိုက်လိုင်:တွေကတစ်ဆင့် သမုဒ္ဒရာထဲ စွန်ပစ်တဲ့ လုပ်ရပ်အပေါ် လက်မခံနိုင်လို့ တောင်ကိုရီးယားကျောင်းသားတွေက အခု လို ဂျပန်သံရုံးထဲအထိ ဝင်ပြီး ကန့်ကွက်ခဲ့ကြတာလို့ သိရပါတယ်။
ဂျပန်ဘက်ကတော့ အခု စွန်ပစ်လိုက်တဲ့ ရေတွေဟာ စနစ်တကျ သန့်စင်ထားတဲ့ စွန့်ပစ်ရေတွေလို့ ထုတ်ပြန်ပါတယ်။ အလား တူ ဒီစွန့်ပစ်ရေတွေကဘေးကင်းတဲ့အကြောင်း သိပ္ပံပညာရှင်အများအပြားက သဘောတူထားသလို ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်ရေး အဖွဲ့ကလည်း ဂျပန်ရဲ့ အစီအစဉ်ကို အတည်ပြုပေးထားတယ်လို့ ဆိုပါတယ်။
ကျောင်းသားတွေကတော့ လက်မခံဘဲ သံရုံးထဲအထိ ဝင်ရောက်ပြီး ရှစ်ထပ်မှာ ကန့်ကွက်စာတန်းတွေ ဝင်ရောက် ချိတ်ဆွဲခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သံရုံးရှေ့နားမှာ ကျောင်းသား ၄၀လောက်က အခုလုပ်ရပ်ကို ကန့်ကွက် ကြောင်း ဆန္ဒဖော်ထုတ်ကြပြီး သတင်းစာ ရှင်းလင်းပွဲတစ်ခုလည်း လုပ်ခဲ့ကြပါတယ်။
လေ့လာမှုတွေ ပိုလုပ်ဖို့ လိုအပ်သေးတဲ့အပြင် စွန့်ပစ်မှုကို ရပ်ဆိုင်းသင့်တယ်လို့လည်း ဝေဖန်သူ တွေက ဆိုပါတယ်။
ရဲတပ်ဖွဲကတော့ သံရုံးထဲက ကျောင်းသားတွေကို ဝင်ရောက်ဖမ်းဆီးပြီး ရဲစခန်းတွေမှာ ယာယီထိန်းသိမ်းထားခဲ့ ပါတယ်။ ဖမ်းခံရတဲ့ကျောင်းသား ၁၆ယောက်ရှိတယ်လို့လည်း တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။
လက်ရှိနျူကလီးယားစက်ရုံမှာ သိုလှောင်ထားတဲ့ ရေတန်ချိန်က တစ်သန်းကျော်ရှိနေပြီး ဒါတွေ အကုန် စွန့်ပစ်ဖို့ နှစ်ပေါင်း ၃၀ အချိန်ကြာမြင့်မယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံကလည်း ရေထုတ်လွှတ်မှုဟာ တစ်ကိုယ်ကောင်းဆန်ပြီး တာဝန်မဲ့တဲ့ လုပ်ရပ်လို့ ပစ်တင်လိုက်သလို ဂျပန်နိုင် ငံဟာ အနာဂတ်လူသားမျိုးနွယ်အပေါ် ဒဏ်ရာ ပေးနေတာလို့ လည်း ပြောပါတယ်။
လတ်တလော တုန့်ပြန်မှုအနေနဲ့ ဂျပန်နိုင်ငံကနေ ပင်လယ်စာတွေကို အများဆုံး ဝယ်နေတဲ့ ဖောက်သည်တရုတ်နိုင်ငံဟာ တင်သွင်းမှုအားလုံးကို ပိတ်ဆို့သွားမယ်လို့လည်း ဩဂုတ်၂၄ရက် ကြာသပတေးနေ့က ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Ref: CNN & CNA

Photo Credit: Reuters
ပုံစာအညွှန်း။ သံရုံးထဲ ကျူးကျော်ခဲ့တဲ့ ကျောင်းသူတစ်ယောက်ကို ဖမ်းဆီးခေါ်ထုတ်လာပုံ
Featyre Image Credit: EPA