မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ကျိုက်က္ခမီလမ်းမကြီးတွင် ဆိုင်ကယ် နှစ်စီး ခေါင်းချင်းဆိုင်တိုက်မိ၍ ၁-ဦးသေ ကာ ၃-ဦးဒဏ်ရာရ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၃ ရက် ညပိုင်းကမော်လမြိုင်မြို့၊ ကျိုက်က္ခမီလမ်းမကြီး၊ဒေါင်ဇရပ်ရတနာပုံတည်းခိုခန်းအနီးတွင် ဆိုင်ကယ်၂-စီးအရှိန်ဖြင့်ဝင်တိုက် မိရာ အမျိုးသား၃-ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အမျိုးသား၁-ဦးမှာ ပြင်းထန်ဒဏ်ရာရသောကြောင့် မော်လမြိုင်ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံအရောက်တွင် ေသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ရာ နေရာသို့ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။







