ဆိုင်ကယ်စီးလာသူက ဖုန်းလုပြေးစဥ် ဆီဘောက်ဆာကားနှင့်ဝင်တိုက်မိမှု လှိုင်သာယာတွင်ဖြစ်ပွား

ဆိုင်ကယ်စီးလာသူက ဖုန်းလုပြေးစဥ် ဆီဘောက်ဆာကားနှင့်ဝင်တိုက်မိမှု ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင်ဖြစ်ပွားခဲ့ရာတစ်ဦးကို ဒဏ်ရာဖြင့် ဖမ်းမိကြောင်းသွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းက သိရသည်။

လှိုင်သာယာမြို့နယ်၊ ငါးမန်းတံတားအဆင်း၊ တပင်ရွှေထီးလမ်းမကြီးတွင် ယမန်နေ့ ဇွန်လ ၁၉ ရက် က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ဖုန်းကိုလုပြေးသူမှာ ကားအောက်သို့ ရောက်သွားခဲ့ပြီး လက်တစ်ချောင်းလုံး ကျိုးသွား၍ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ခဲ့ရကြောင်း သိရသည်။

ဒဏ်ရာ ရသွားသူမှာ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးကြောင်းနှင့် နောက်ထပ်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *