မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတွင် ဆိုင်ကယ်ခိုးလာသူက ထန်းသီးရောင်းနေသူကိုဝင်တိုက်ကာ ထွက်ပြေးသွားရာ ထန်းသီးရောင်းနေသည့်အမျိုးသမီးမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


ယနေ့ မေလ ၅ ရက်တွင် မိတ္ထီလာမြို့ စက် မှုဇုန် (၃) လမ်းထိပ်မှ ဆိုင်ကယ်ကို ခိုးယူလာသည့် အမျိုးသားက သဲကုန်းအနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး၌ ဈေးရောင်းနေသူ ထန်းသီးသည်အမျိုးသမီးကြီးအား ဝင်တိုက်မှုဖြစ်ခဲ့ကြောင်း ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းကသိရသည်။


ယင်းကြောင့် ဆိုင်ကယ်တိုက်ခံရသူ ထန်းသီးသည်အမျိုးသမီးကြီးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာများဖြင့် သတိလစ်သွားခဲ့သောကြောင့် ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းလူနာတင်ကားဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။

