ဆိုင်ကယ်ကို အရှိန်ပြင်းမောင်းမှု တစ်ဦးဆုံးပါး

၁ မတ်၊၂၀၂၄

ရှမ်းပြည်နယ်၊အောင်ပန်းမြို့နယ် သရက်ပု-ကမ်းပါးနီဂျာမနီလမ်းမှာ ယမန်နေ့ညနေ၆နာရီခွဲအချိန်ကအမျိုးသားနှစ်ဦးမောင်းလာတဲ့ ဆိုင်ကယ်တစီး အရှိန်များပြီး လမ်းနံဘေးအုတ်တိုင်များကို ဝင်တိုက်မိတာကြောင့် တဦးသေဆုံးပြီး၊တဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။

“အလုပ်ကပြန်လာတာထင်တယ်။ထမင်းချိုင့်တွေနဲ့ အရှိန်ပြင်းတော့ ဆိုင်ကယ်လဲ ပျက်စီးကုန်တယ်။လူလဲသေ စိတ်မကောင်းဘူး၊ ဖြစ်ဖြစ် ချင်းဖုန်းဆက်အကူညီတောင်းတာ နာကူအသင်းရောက်လာတော့ တယောက်ကသေနေပြီ”လို့မြို့ခံတဦးက ပြောပါတယ်။

သေဆုံးသူမှာ ကမ်းပါးနီရွာ ကျောင်းရှေ့နေသူ​ဖြစ်ပြီး၊

ထိခိုက်ဒဏ်ရာပြင်းထန်လူနာမှာ အိုးသည်ရွာက ကိုဝင်းဆိုသူနှစ်ဦးကို အောင်ပန်းဆေးရုံကို နာရေးကူညီမူအသင်း(ေအာင်ပန်း)က ပို့ဆောင်ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *