ဘန်ကောက်၊ ဧပြီ ၆
သုဝဏ္ဏဘူမိလေဆိပ်ကို ဆိုက်ရောက်လာတဲ့ နိုင်ငံပေါင်းစုံကခရီးသည်တွေကို pre-travel RT-PCT လို့ခေါ်တဲ့ ကိုဗစ် ၁၉ စစ်ဆေးတဲ့ တင်းကျပ်တဲ့ စည်းကမ်းကို ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလ ၁ရက်နေ့ကစပြီး ရုပ်သိမ်းခဲ့ပါတယ်။ ဒီလို ရုပ်သိမ်းလိုက်တဲ့ ရက်သတ္တပတ်အတွင်းမှာပဲ ခရီးသည်ဝင်ရောက်မှုက သိသိသာသာကို မြင့်တက်လာတယ်လို့ တာဝန်ရှိသူတွေက ပြော ပါတယ်။
ဧပြီလ ပထမ ရက်သတ္တပတ်အတွင်း လေဆိပ်ကို နိုင်ငံတကာခရီးသည် ဝင်ရောက်မှုက တစ်ရက်ကို ပျှမ်းမျှ ၁၁၆၂၃ ဦးအထိရှိ့နေတာမို့ တစ်ရက်ကို ပျှမ်းမျှခရီးသည် ၇၀၀၃ဦး သာ ဝင်ရောက်ခဲ့တဲ့ မေလထက်စာရင် ၆၆ရာခိုင်နူန်းအထိ တိုးလာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီလိုမျိုး ခရီးသည်ဝင်ရောက်မှု မြင့်တက်လာရတဲ့ အကြောင်းက အစိုးရရဲ့ကိုဗစ် ၁၉ စစ်ဆေးတာကို ပယ်ဖျက်လိုက်လို့ ဆိုတာ သေချာ ပါတယ် လို့ သုဝဏ္ဏဘူမိလေဆိပ်အထွေထွေမန်နေဂျာ မစ္စတာ ကစ်တီပွန် က ပြောပါတယ်။ ဒီလို ဖြေလျှော့ ပေးလိုက်တဲ့ အတွက် လေယာဉ်တွေ များများဆင်းနိုင်မှာမို့ ဒီလေဆိပ်ကို ဆိုက်ရောက်ခရီးသည်တွေ အများကြီး ထပ်ဝင် လာဖို့ ရှိတယ်လို့ မစ္စတာ ကစ်တီပွန်ကပဲ ထပ်ပြောပါတယ်။အရင်လက ပြည်တွင်း လေယာဉ် ဝင်ထွက်မှု၁၃၇ခုကို ဝန်ဆောင် ပေးခဲ့ပြီး လက်ရှိမှာတော့ ၁၄၁ ကြိမ်အထိ ဝန်ဆောင်မှု ပေးနေရပြီဖြစ်ပါတယ်။
သိသာထင်ရှားတဲ့ တိုးတက်မှုတစ်ခုကတော့ သုဝဏ္ဏဘူမိအပါအဝင် အခြားနိုင်ငံတကာလေဆိပ်ငါးခုကို တာဝန်ယူလုပ်ကိုင် နေတဲ့ Airports of Thailand Plc ရဲ့ ရှယ်ယာကတော့ ပြီးခဲ့တဲ့ သောကြာနေ့ ဧပြီ ၁ရက်နေ့ကစပြီး ၆၆ဒဿမ၅၀ ကနေ ၆၇ ဒဿမ ၅၀ အထိ မြှင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။
Ref: Bangkok Post