စင်္ကာပူ၊ မေ ၁၅
စင်္ကာပူနိုင်ငံကအာဂျွန်နီယက်လမ်းပေါ်မှာ မောင်းနှင်လာတဲ့ ကားတစ်စီးကို မသင်္ကာလို့ ရပ်ခိုင်းပြီး ရှာဖွေလိုက်တဲ့အခါ ကားပေါ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဆာမူရိုင်းဓါးကို ကိုင်ဆောင်ထားတဲ့ အမျိုးသားကို ရဲ့က တွေ့ခဲ့ပြီး ကားပေါ်က ဆင်းခိုင်းခဲ့ပေမယ့် ထွက်ပြေးခဲ့လို့ ရဲ့က နောက်က လိုက်ဖမ်းခဲ့ရတယ်လို့ မေ ၁၅ရက် သတင်းတွေမှာ ဖေါ်ပြကြပါတယ်။
ယာဉ်ထိန်းရဲအရာရှိထံဆီကနေ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တဲ့သူဟာ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။
ဖြစ်စဉ်က ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီ ၂၅ မိနစ်မှာ ရဲအရာရှိက အာဂျွန်နီယက်လမ်းတစ်လျှောက် ကင်းလှည့်နေပြီး မသင်္ကာစကာကားကို ပုံမှန်စစ်ဆေးဖို့ ကားရပ်ဖို့ အချက်ပြခဲ့ပါတယ်။
အဲဒိလို စစ်ဆေးချိန်မှာပဲ ယာဉ်မောင်းဆီမှာ စာမူရိုင်းဓါးတစ်လက်နဲ့ မူးယစ်ဆေးလို့ ယူဆနိုင်တဲ့ ပစ္စည်းတွေ တွေ့ခဲ့ပါတယ်။ ရဲ့က ကားအောက်ဆင်းခိုင်းတဲ့အချိန်မှာ ယာဉ်မောင်းက ရဲ့ကို အကြမ်းဖက်မယ့် ဟန်နဲ့ ခြိမ်းခြောက်ပြီး ထွက်ပြေးသွားပါတယ်။
အဲ့လို ဖြစ်ပျက်ချိန်မှာပဲ ရဲက သူနောက်ကို ထပ်ချပ်မခွာလိုက်ပြီး မရရတဲ့နည်းနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ယာဉ်မောင်းကို အန္တာရယ်ဖြစ်စေတဲ့ လက်နက် လက်ဝယ်ကိုင်ဆောင်မှု၊ လူကိုယ်တိုင် လိမ်လည်လှည့်ဖြားမှု၊ ယာဉ်ကြောဆိုင်ရာ ပြစ်မှုတွေ အပါအဝင် မူးယစ်ဆေးဝါး ဆက်စပ်မှု သံသယရှိမှု စတဲ့စွဲချက်တွေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ဆက်ပြီး သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
Ref: CNA
ပုံစာ။ အခင်းဖြစ်နေတဲ့ မြင်ကွင်း
Feature Image Credit: Facebook/Singapore Road Accident)



