ဆလိုဗက်ကီးယားနိုင်ငံဝန်ကြီးချုပ် ရောဘတ်ဖစ်ကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရ

  • ဝန်ကြီးချုပ်ရောဘတ်ဖစ်ကိုကို လုပ်ကြံသတ်ဖြတ်သူမှာ အသက်၇၀ကျော်အရွယ် ကဗျာဆရာတစ်ဦးဖြစ်

ဆလိုဗက်ကီးယားနိုင်ငံအလယ်ပိုင်းက ဟန်ဒလိုဘာမြို့မှာ မေလ၁၅ရက်ကပြုလုပ်ခဲ့တဲ့လူထုတွေ့ဆုံပွဲကို တက် ရောက်လာတဲ့ ဆလိုဗက်ကီးယားနိုင်ငံဝန်ကြီးချုပ် ရောဘတ်ဖစ်ကိုကို အသက်၇၀ကျော်အရွယ် ကဗျာဆရာတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတစ်ရပ်မှာဖော်ပြပါရှိပါတယ်။

သေနတ်နဲ့ပစ်ခံရတဲ့ ဝန်ကြီးချုပ်ရောဘတ်ဖစ်ကိုဟာ သေနတ်နဲ့ငါးချက်လောက် ပစ်ခံရပြီး ဝမ်းဗိုက်ကို သေ နတ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ခွဲစိိပ်ကုသမှုခံယူနိုင်ဖို့ဆေးရုံကို အရေးပေါ်ပို့ ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ကို လုပ်ကြံသတ်ဖြတ်ခဲ့သူတို့ ယူဆရတဲ့ အ သက်၇၀ကျော်အရွယ်ကဗျာဆရာတစ်ဦးကို လုံခြုံရေး တပ်ဖွဲ့က အခင်းဖြစ်နေရာမှာ ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

ဆလိုဗက်ကီးယားနိုင်ငံဝန်ကြီးချုပ် ရောဘတ်ဖစ်ကိုဟာ ရုရှားသမ္မတပူတင်ကိုထောက်ခံအားပေးသူတစ်ဦးဖြစ် ပြီး ဆလိုဗက်ကီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်အ ဖြစ် လေးကြိမ်းမြောက်ရွေးကောက်တင်မြှောက်ခံ ထားရသူတစ်ဦးဖြစ်ပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *