ဆယ်ယူရရှိတဲ့တိုက်တန်ရေငုတ်သငေ်္ဘာငယ်အစိတ်အပိုင်းတွေထဲမှာလူ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေပါတယ်လို့ယူဆရ

ဇွန်၁၈ရက်ကမြောက်အတ္တလန္တိ တ် သမုဒ္ဒရာထဲက တိုက်တန်းနစ် သဘ်ောပျက်ကြီးနားမှာ ပေါက်ကွဲနစ်မြုပ်ပျောက်ဆုံးသွားတဲ့ တိုက်တန် ရေ ငုတ်သငေ်္ဘာငယ်ရှိရာကို အမေရိကန် ကမ်းရိုးတန်းစောင့်တပ်က ရေနက်ပိုင်း ရှာဖွေရေးအဖွဲ့ သွားပြီးစစ်ဆေးရှာ ဖွေကြတဲ့ ဒုတိယခရီးစဉ် အောင်မြင် စွာပြီးဆုံးသွားပြီ။

အဲဒီရေနက်ပိုင်းရှာဖွေရေးအဖွဲ့ကို တင်ဆောင်လာတဲ့ အမေရိကန် ကမ်း ရိုးတန်းစောင့်တပ်ကသငေ်္ဘာကြီး ဇွန် ၂၈ရက်မှာ ကနေဒါနိုင်ငံ စိန့်ဂျွန်း ဆိပ်ကမ်းကိုဆိုက်ကပ်လာပါတယ်။

ဆယ်ယူရရှိခဲ့တဲ့ တိုက်တန်ရေငုတ် သငေ်္ဘာငယ် အစိတ်အပိုင်းတွေက ကိုယ်ထည်အောက်ပိုင်းအတွဲလိုက် ၊တိုက်တေနီယမ်နဲ့လုပ်ထားတဲ့နောက်အဖုံးနဲ့ မှန်မပါတော့တဲ့ ပြတင်းပေါက်ဘောင် အဝိုင်းကွင်းတစ်ခုတို့ ဖြစ်တယ်လို့ အမေ ရိကန်ကမ်းရိုးတန်းစောင့်တပ်က ဗိုလ် ချုပ်ဂျွန်မော်ဂါက ထုတ်ဖော်ပြောတယ်။

နောက်အဖုံးထဲမှာ လိုက်ပါသွားခဲ့သူ၅ဦးရဲ့ လူ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ပါလာ တယ်လို့ ယူဆရကြောင်း ဘီဘီစီသတင်း ဌာနကဖော်ပြတယ်။

လက်ရှိရှာဖွေစစ်ဆေးရေးအစီအစဉ်ကို ကနေဒါနိုင်ငံက ဟော်ရိုက်ဇုံအားတစ် သဘော်ကြီးက ဦးဆောင်ပြီး ရေနက်ပိုင်း ရှာဖွေရေးကို ပီလားဂျစ်သုတေသနဝန် ဆောင်မှုလုပ်ငန်းက တာဝန်ယူဆောင် ရွက်နေတာလို့ ဆိုတယ်။

အမေရိကန်အခြေစိုက် သမုဒ္ဒရာ တံခါး ကုမ္ပဏီကတော့ ခရီးစဉ်ဘေးကင်း လုံခြုံ ရေးအတွက် ကောင်းစွာကြို တင်ပြင်ဆင်ခဲ့ ခြင်းမရှိဘူးလိ့ ဝေဖန်တာခံနေရဆဲ ဖြစ် တယ်။

Leave a Reply

Your email address will not be published. Required fields are marked *