ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့ နမ့်ဟူးရွာဘုန်းတော်ကြီးကျောင်း အနီးတွင် ဆယ်ဘီးကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိ၍ နှစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ မေလ ၂၆ ရက် နံနက်က အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဆိုင်ကယ်စီးနင်းလာသူအမျိုးသား၂ ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း နမ့်ခုံးရှမ်းများ ပရဟိတအသင်း (ကျောက်မဲအသင်းခွဲ)က သိရသည်။
ယင်း သေဆုံးသွားသည့်အမျိုးနှစ်ဦး ၏ရုပ်အလောင်းကို ကျောက်မဲပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။