၅ အောက်တိုဘာ၊၂၀၂၃
ဆယ်ကျော်သက် လူငယ်လေးဦးက ကျောက်မြောင်း One Stop Mart ကို ဓါးပြတိုက်မှုတစ်ခု အောက်တိုဘာလ ၄ ရက် ညပိုင်းကဖြစ်ပွားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊တာမွေမြို့နယ် ကျောက်မြောင်း အထက်ရပ်ကွက်၊ သြဘာလမ်းနှင့် ဒဂုံသီရိလမ်းထောင့်ရှိ One Stop Mart ဆိုင် သို့ ယင်းတို့ကဝင်ရောက်၍ ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။
“ဟုတ်ပါတယ်ဗျ၊မနေ့ကည ကလေးတွေချည်းပဲ၊ဆယ့်လေးငါးခြောက်နှစ်အရွယ်တွေ”ဟု ရပ်ကွက်နေသူတစ်ဦးကဆိုသည်။
ဓားပြတိုက်သူများမှာ တာမွေ မြို့နယ်ထဲမှ အသက်၁၅ နှစ်အရွယ် သီဟဝင်း ၊ကောင်းခန့်ဖြိုး ၊လမင်းအောင်နှင့်အခြားတစ်ဦးတို့ဖြစ်ကြောင်း၊လက်ရှိတွင် သီဟဝင်း ၊ကောင်းခန့်ဖြိုး ၊လမင်းအောင် တို့အားဖမ်းဆီးထားကြောင်းအခြားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။
“မနေ့ကညနေ ညနေ ၆ နာရီ ကျော်မှာ ဓားတွေနဲ့ ကလေးတွေဝင်လာတာ၊လေးယောက်၊ ဆိုင်ထဲကိုဝင်လုတာ၊One Stop Mart က ရဲစခန်းကို ဖုန်းဆက်တာ၊ရဲကရောက်လာတော့ဆိုင်ဝန်ထမ်းကောင်မလေးတွေကိုဓားနဲ့ထောက်ပြီး ရုပ်ရှင်ထဲကလို ပြေးဖို့ ကြိုးစားတာပေါ့ဗျာ၊အဲဒီမှာဝိုင်းဖမ်းတာ၊ဒါပေမဲ့ တစ်ယောက်တော့ လွတ်သွားတယ်ပြောတယ်ဗျ”ဟု အဆိုပါ အခင်းဖြစ်ရာအနီးနေသူတစ်ဦးကပြောသည်။