ဆယ်ကျော်သက် ကျောင်းသူကို လိင်ဆက်ဆံဖို့ ဆွဲဆောင်ခဲ့တဲ့ စင်္ကာပူကြက်တောင် နည်းပြကို ထောင်ဒဏ် ၃ နှစ် ချမှတ်

စင်္ကာပူ၊ မေ ၂၃

စင်္ကာပူနိုင်ငံက  အသက် ၃၃နှစ်အရွယ် ကြက်တောင်အသင်း နည်းပြကို သူ့တပည့်ဖြစ်တဲ့ ကျောင်းကြက်တောင်ရိုက်ကစားသမား  ၁၆နှစ်အရွယ် ကျောင်းသူကို လိင်ပိုင်းဆိုင်ရာကျူးလွန်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာ ပေါ်ပေါက်ခဲ့လို့ တရားရုံးတော်က ဒီနေ့ မေ ၂၃ရက်မှာ ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

နည်းပြဖြစ်သူ အမျိုးသားဟာ  ကျောင်းသူ မိန်ကလေး ၁၅နှစ်အရွယ်မှာ သူနဲ့   လိင်ဆက်ဆံဖို့ စည်ရုံးခဲ့သလိုလေ့ကျင့်ရေးသင်တန်းတွေ လုပ်တဲ့  ကြက်တောင်ကလပ်ရဲ့မြေအောက်ခန်းမှာ ရပ်ထားတဲ့ ကားပေါ်ခေါ်ပြီး ကျောင်းသူလေးကို လိင်ပိုင်းဆိုင်ရာ ထိတွေ့ခဲ့တယ်လိုဆိုပါတယ်။

ရုံးတော်ကတော့ ကျင့်ဝတ်အရ မိန်းကလေးအမည်ကို ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်ဘူးလို့ ပြောပါတယ်။

နည်းပြဖြစ်သူဟာ ၂၀၁၇ခုနှစ်ကနေ ၂၀၁၉ ခုနှစ် ဇွန်လကာလတွေထဲမှာ ကြက်တောင်အသင်းနည်းပြတာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် မတ်လနဲ့ ဧပြီလကြားမှာ နည်းပြနဲ့ ကျောင်းသူတို့  အင်စတာဂရမ်မှာ စာတိုတချို့ အပြန်အလှန်ပို့ခဲ့ကြတာကိုလည်း တွေ့ရှိထားတယ်လို့ သိရပါတယ်။

Ref: CNA/wt(zl)

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *