ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲ ကိုရီးယားမင်းသား လီဂျွန်ဟို စင်္ကာပူမှာ ပရိသတ်နဲ့တွေ့ဆုံပွဲ လုပ်မယ်လို့ဆို

စင်္ကာပူ၊ စက်တင်ဘာ ၁၂

2PM အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲလည်း ဖြစ်တဲ့ နက်ဖလစ် မင်းသား လီဂျွန်ဟို တစ်ယောက် လာမယ့်ဒီဇင်ဘာမှာ သူ့ရဲ့ ပထမဆုံး ပရိသတ်တွေ့ဆုံပွဲ (Fan Meeting) လုပ်ဖို့ စင်္ကာပူကို လာမယ်လို့ သိရပါတယ်။

လတ်တလောမှာလည်း သူနဲ့ Girls” Generationအဖွဲဝင်ဟောင်း ယွန်းနာ နဲ့အတူတွဲသရုပ်ဆောင်ထားတဲ့ King The Land ဇာတ်လမ်းတွဲကလည်း နက်ဖလစ်မှာ Top 9 စာရင်းဝင်ပြီး တစ်ကမ္ဘာလုံးပေါက်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။

လီဂျွန်ဟို တစ်ယောက်  ၂၀၁၁ ခုနှစ်မှာ သူရဲ့ ကေပေါ့ပ်အဖွဲ့ 2PMနဲ့ စင်္ကာပူမှာ လာဖျော်ဖြေအပြီး အခု နာမည်ကြီး မင်းသား အနေနဲ့  ၁၂နှစ်အကြာမှာ ဒုတိယတစ်ခေါက် ပြန်ရောက်လာတော့မှာ ဖြစ်ပါတယ်။

သူရဲ့ တွေဆုံပွဲကိုလာမယ့် ဒီဇင်္ဘာ ၈ရက်နေ့မှာ လုပ်သွားမယ်လို့လည်း သိရပါတယ်။

ဒီတွေ့ဆုံပွဲကို JYP ဖျော်ဖြေရေးကုမ္ပဏီက စီစဥ်တာတာ ဖြစ်ပါတယ်။

 စင်္ကာပူ ခရီးစဥ်အပြီးမှာ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေကိုလည်း ခရီးဆက်ဖို့ ရှိတယ်လို့ဆိုပါတယ်။

ပရိသတ်တွေ့ဆုံပွဲအတွက် ကျင်းပမည့်နေရာနဲ့လက်မှတ်စျေးနှုန်းတွေကိုတော့ မကြေငြာသေးပါဘူး။

လီက ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး တစ်ကမ္ဘာလုံးက နှစ်သက်လက်ခံကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာမှာ ကျင်းပခဲ့တဲ့ 2022 Asia Artist Awards ချီးမြှင့်ပွဲမှာ တစ်နှစ်တာအကောင်းဆုံးသရုပ်ဆောင် ဆုကို ချီးမြှင်ခံထားရသူလည်း ဖြစ်ပါတယ်။

Ref: CNA

Feature Image Credit:  Instagram/le2jh

Leave a Reply

Your email address will not be published. Required fields are marked *