စင်္ကာပူ၊ မေ ၁၅
ဆယ်ကျော်သက် တစ်ယောက်ရဲ့ ကိုယ်လုံးတီးပုံတွေကို တိုကျိုက အများသုံးရေချိုးခန်းတစ်ခုမှာ ဓါတ်ပုံခိုးရိုက်ခဲ့တဲ့ စင်္ကာပူ သံအရာရှိတစ်ယောက်ကို ဂျပန်နိုင်ငံကို လွဲအပ်ဖို့ ဂျပန်ရဲတွေက မေ၁၄ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
စင်္ကာပူ သံအရာရှိဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက တိုကျိုကနေ စင်္ကာပူကို ပြန်ရောက်သွားပြီ ဖြစ်ပေမယ့် အခင်းဖြစ်ရာက ဂျပန်နိုင်ငံမှာ ဖြစ်နေလို့ အခုလို ပြန်လွဲပေးဖို့ တောင်းဆိုရတာလို့လည်း သိရပါတယ်။
တိုကျိုမြို့တော်ရဲဌာနဟာ ဂျပန်နိုင်ငံခြားရေးဌာနကတဆင့် တောင်းဆိုခဲ့တာ ဖြစ်တဲ့အကြောင်း ဂျပန်မီဒီယာတွေက အင်္ဂါနေ့ (မေလ ၁၄ ရက်)မှာ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။
တိုကျိုအခြေစိုက် စင်္ကာပူသံရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက်၅၅ နှစ်အရွယ် အတိုင်ပင်ခံဟာ ရေချိုးခန်းတစ်ခုရဲ့ အဝတ်လဲခန်းထဲမှာ အသက် ၁၃နှစ်အရွယ် ကျောင်းသားတစ်ယောက်ကို မိုဘိုင်းလ်ဖုန်းသုံးပြီး ဓါတ်ပုံခိုးရိုက်ခဲ့တယ်လို့ သံသယရှိတဲ့အကြောင်း ဂျပန်သတင်းစာ မင်နီချီ ရှင်ဘွန်း မှာ ဖော်ပြခဲ့ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ သံရုံးတစ်ရုံးရှိတဲ့ နိုင်ငံရပ်ခြားမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတစ်ယောက်ဖြစ်ပြီး သံတမန်အဆင့် ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
တိုကျိုရဲတပ်ဖွဲ့ဟာ ကလေးညစ်ညမ်းရုပ်ပုံတွေ ထုတ်လုပ်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာပုံတွေ ရိုက်ယူခြင်းဆိုင်ရာ ဥပဒေချိုးဖောက်မှု ဖြစ်နိုင်ခြေရှိနေတဲ့ အခုအမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်တွေ့မှာတော့ ဗီယင်နာကွန်ဗန်းရှင်းသဘောတူစာချုပ်အရ သံတမန်တစ်ယောက်ကို အခုလို ဖမ်းဆီးခွင့်မရှိဘူးလို့လည်း အငြင်းပွားစရာ ပြသနာ ရှိနေတယ်လို့ သတင်းစာတွေက ဖော်ပြနေတယ်လို့ သိရပါတယ်။
သံသယတရားခံဟာ တခြားရေချိုးခန်းတွေမှာလည်း အလားတူပုံတွေ ခြောက်လအတွင်း ရိုက်ကူးထားတဲ့ ပုံပေါင်း ၇၀၀ကျော်အထိရှိတယ်လို့လည်း သိရပါတယ်။
Ref: CNA/zl(mi)
ပုံစာ။ တိုကျိမှာ ဓါတ်ပုံခိုးရိုက်ခဲ့တဲ့ အများဆုံးရေချိုးခန်းတစ်ခု
Feature Image credit: iStock



