ဆိုးလ်၊ ဖေဖေါ်ဝါရီ ၁၉
ဆေးဘက်ဆိုင်ရာ လေ့ကျင့်ရေး ပြုပြင်ပြောင်းလဲမှုတွေကို သဘောမတူလို့ ဆနွပြပြီး သက်ဆိုင်ရာ တာဝန်တွေကနေ နုတ်ထွက်သွားတဲ့ အလုပ်သင်သင်တန်းသားဆရာဝန်တွေ ဖေဖေါ်ဝါရီ ၁၉ရက်တနင်္လာနေ့မှာ အလုပ်ပြန်ဆင်းဖို့ အစိုးရက အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံအများစုမှာ ဆရာဝန်နဲ့ လူဦးရေ အချိုးမမျှဖြစ်လေ့ရှိပြီး တောင်ကိုရီးယားနိုင်ငံကလည်း အဲ့ဒိလို နိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ်။
တစ်ပြိုင်ထဲမှာလည်း အစိုးရက အသက်ကြီးရင့်တဲ့ သူတွေကို ကူညီစောင့်ရှောက်နိုင်ဖို့ရာမှာ အဓိက လိုအပ်ချက် တစ်ခု ဖြစ်တဲ့ ဆရာဝန်ဦးရေ တိုးမြင့်လာဖို့ အရေး ပြင်းပြင်းထန်ထန် တွန်အားပေနေရတဲ့ ကာလလည်း ဖြစ်ပါတယ်။
တစ်ဘက်မှာလည်း ဆရာဝန်တွေ အနေနဲ့ကလည်း ဆေးကျောင်းဝင်ခွင့်ကို သိသိသာသာ မြှင့်လိုက်တဲ့ကိစ္စအပေါ် သဘောမတူ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ဒါဟာ ဆရာဝန် မလုံလောက်မှုကို ဖြစ်စေတယ်လို့ ထောက်ပြကြပါတယ်။ ဒ့ါကြောင့်မို့ အစိုးရသစ်ရဲ့ အစီအစဉ်ကို ပြင်ပြင်းထန်ထန် ဆန့်ကျင်နေကြတာပါ။ ဒါတင်မက အစိုးရသစ်ရဲ့ မူဝါဒ အသစ်တွေအရ ဆရာဝန်တွေရဲ့ လစာနဲ့ လူမှုရေးအဆင့်အတန်းကို ထိခိုက်စေနိုင်လို့ စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ ၁၉ရက် တနင်္လာနေ့မှာပဲ ဆရာဝန်တွေဟာ အစိုးရက တရားဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ရာနဲ့ချီတဲ့ သင်တန်းသား ဆရာဝန်တွေဟာ သူတို့ရဲ့ နှုတ်ထွက်စာတွေကို သက်ဆိုင်ရာဆီ တင်ခဲ့ပြီး ဖေဖေါ်ဝါရီ ၂၀ရက် အင်္ဂါနေ့က စကာ အလုပ်ရပ်နားဖို့ စီစဉ်ထားတယ်လို့ သိရကြောင်းပါ။
Ref: AFP
ပုံစာ။ တောင်ကိုရီးယား ဆေးရုံတစ်ခုမှာ တွေ့ရတဲ့ အလုပ်သင် ဆရာဝန်လောင်းများ
Feature Image Credit: AFP



