ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ အောက်တိုဘာလ (၂၈) ရက် မှ (၃၀) ရက်နေ့အထိ ပြည်သူ့အချစ်တော်ဆင်မကြီးမိုမိုရဲ့ အ သက်၇၀နှစ်ပြည့်မွေးနေ့Mo Mo’s Birthday Party ကို ဖျော်ဖြေရေးအစီအစဉ်များနဲ့ စည်ကားသိုက်မြိုက်စွာ ခမ်း ခမ်းနားနားကျင်းပသွားမယ်လို့ သိရပါတယ်။
ဆင်မကြီးမိုမိုရဲ့ အသက် (၇၀) နှစ်ပြည့် မွေးနေ့ပွဲမှာ မိုမို့အတွက် မွေးနေ့ကိတ်ခွဲခြင်း၊ မိုမိုနှင့်အတူ ဓာတ်ပုံရိုက် ကူးခြင်း၊ Animal Presentation Music & Performance Magic Show၊ ချစ်စရာတိရစ္ဆာန်လိမ္မာလေးများနှင့်အတူ အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းအပြင် ပျော်ရွှင်စရာဂိမ်းများနှင့် ဖျော်ဖြေရေးအစီအစဉ်တွေ အများအပြားကျင်းပသွားမှာလို့ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်က သိရပါတယ်။

ပြည်သူ့အချစ်တော်ဆင်မကြီးမိုမိုကို ကယားပြည်နယ်၊လွိုင်ကော်ဒေသတောနက်ကြီးထဲမှာ ဆင်မိသားစုနှင့်ကွဲကွာနေတဲ့ အသက်(၇)နှစ်အရွယ်မှာ သစ်ခုတ်သမား ဦးခွန်ဆန္ဒမှ တွေ့ရှိခဲ့ဖမ်းယူခဲ့ပြီး ဇနီးဖြစ်သူ နော်မိုမိုကို ဂုဏ်ပြုတဲ့အနေနဲ့ မိုမိုလို့ အမည်ပေးခဲ့ပြီး ၁၉၆၁ ခုနှစ် ဇွန်လ(၆)ရက်နေ့မှာတိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ကို ပို့ဆောင်လှူဒါန်းခဲ့ပြီးရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို လာရောက်လည်ပတ်ကြည့်ရှုလေ့လာ သူများကို နှစ်ပေါင်း ၅၀ကျော်ကြာ ဖျော်ဖြေပေးခဲ့ပြီးနောက်၂၀၁၆ခုနှစ် အောက်တိုဘာလမှာ အနားယူခဲ့ပြီး မိုမိုရဲ့ အသက် ၆၀ပြည့်မွေးနေ့မှစပြီး နှစ်စဉ်အောက်တိုဘာလမှာ မွေးနေ့ပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။
ဓါတ်ပုံ- ဆင်မကြီးမိုမိုရဲ့ ၆၉နှစ်ပြည့်မွေးနေ့ပွဲကျင်းပ စဥ်



