ဆိုးလ်၊ ဇန်နဝါရီ ၁၅
စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ခဲ့လို့ အမှု ရင်ဆိုင်ရဖွယ်ရှိနေတဲ့ သမ္မတယွန်ကို တောင်ကိုရီးယား အာဏာပိုင်တွေက ဇန်နဝါရီ ၁၅ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ယွန့်ကို စစ်ဆေးမေးမြန်းဖို့ အာဏာပိုင်တွေက ၄၈ နာရီအချိန်ပေးထားပြီး ဒိနောက် ရက်ပေါင်း ၂၀ အထိ ထိန်းသိမ်းထားဖို့ ဒါမှမဟုတ် လွှတ်ပေးရန် ဆက်ပြီး ဝရမ်းထုတ်မှာ ဖြစ်ပါတယ်။
သွေးထွက်သံယိုမဖြစ်စေဖို့ရာ တရားမ၀င်စုံစမ်းစစ်ဆေးမှုကို လိုက်နာဖို့ သဘောတူခဲ့တာလို့ သမ္မတယွန်က ပြောပါတယ်။ယွန်ရဲ့ မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေချိန်မှာ နှုတ်ဆိတ်နေခွင့်ကို ယွန်က ကျင့်သုံးနေတယ်လို့လည်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
ပထမဆုံးသော တောင်ကိုရီးယားသမ္မတ ယွန်ကို ဖမ်းဆီးခြင်းဟာ အာရှရဲ့ အတက်ကြွဆုံး ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် နောက်ဆုံးပေါ် ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ခဲ့တယ်လို့ လေလာသုံးသပ်သူတွေက ပြောဆို မှတ်ချက်ပြုကြပါတယ်။
Ref:CNA
ပုံစာ။ သမ္မတ ယွန်ဆွတ် ယိုး
Feature Image Credit: REUTERS



