
ဆိုးလ်၊ ဩဂုတ် ၉
စံချိန်တင်ရွာသွန်းခဲ့တဲ့ မိုးကြောင့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်အပါအဝင် မြို့နဲ့ အနီးအနား နေရာတွေမှာ ညတွင်းချင်း လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါ့အပြင် ကားလမ်းမတွေနဲ့ မြေအောက်ရထားလမ်းတွေပါရေမြုပ်ကုန်တယ်လို့ သိရပါတယ်။
ဒီမိုးဟာ တနလ်ာနေ့ ညနေပိုင်းက ဆိုးလ်မြို့တောင်ပိုင်းမှာ စတင်ရွာသွန်းခဲ့ပြီး တစ်နာရီကို မိုးရေချိန် ၁၀၀မီလီမီတာကျော်အထိ ရွာသွန်းခဲ့တာပါ။ မြို့တော် ဆိုးလ်ရဲ့ နေရာတချိုမှာဆို တစ်နာရီကို မိုးရေချိန် ၁၄၁ ဒဿမ ၈ မီလီမီတာအထိကို ရွာသွန်းခဲ့ပြီး နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး ရွာသွန်းတာပဲလို့ နိုင်ငံပိုင် မိုးလေဝသဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဒီနေ့ မနက် ဩဂုတ်လ ၉ရက် ကိုရီးယားစံတာ်ချိန် နံနက် ၅နာရီအထိမှာတော့ ရွာနေတဲ့မိုးကတော့ ၄၂၅မီလီမီတာ အထိကို ရှိနေပြီး ထပ်ပြီးလည်း ရွာသွန်းဦးမှာလို့ ဆိုပါတယ်။
အမြဲလိုလို မီးရောင်စုံနဲ့ တောက်ပနေတတ်တဲ့ ဂန်:နန်ခရိုင်မှာတောင် လျှပ်စစ်မီးပြတ်တောက်နေပြီး အိမ်တွေ၊ကားတွေ၊ မြေအောက်ဘူတာတွေပါ ရေမြုပ်နေလို့ လူတွေလည်း ရောက်ရာနေရာမှာ သောင်တင်ပြီး စတိုးဆိုင်တွေ၊ ကုန်တိုက်တွေထဲမှာ ခိုနားနေရပါတယ်။
အဂ်ါနေ့ မနက်၆နာရီ အထိ ဆိုးလ်မှာ ၅ဦး၊ အနီးနားဒေသက ၂ဦး သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ သိရပါတယ်။
Ref: Bangkok post