ဂျေရုစလင်၊ ဧပြီ ၂၇
ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမယ့် အီဂျစ်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ဟာ အစ္စရေးနိုင်ငံကို ရောက်ရှိလာပြီးတဲ့နောက် တစ်ရက်အကြာ ဂါဇာအတွက် ဖြစ်နိုင်ချေရှိတဲ့ အပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ အစ္စရေး တန်ပြန်အဆိုပြုချက်ကို စနေနေ့ ဧပြီ ၂၇ မှာ စလေ့လာသုံးသပ်နေပြီလို့ ဟားမတ်စ်တို့က ပြောဆိုလိုက်ပါတယ်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအသစ်ရဲ့ အရိပ်အယောင်တွေဟာ ဂါဇာကမ်းမြောင်တောင်ပိုင်းရာဖာကို စစ်ရေးအရ တွန်းအားပေးဖို့ လုပ်ကိုင်နေတဲ့ အစ္စရေးတို့ရဲ့ ပြင်ဆင်မှုတွေကို တစ်စိတ်တစ်ပိုင်း သက်သာရာ ရဖို့လည်း မျှော်လင့်နေကြပါတယ်။
“ ဧပြီလ ၁၃ ရက်နေ့က အီဂျစ်နဲ့ ကာတာ ကြားဝင်ဖျန်ဖြေသူတွေဆီ ပေးခဲ့တဲ့ အစ္စရေး ဇီယွန်ဝါဒီတွေရဲ့ ညှိနိူင်းမှု အဆိုပြုချက်ကို လက်ခံရရှိခဲ့ပါတယ်” လို့ ဂါဇာက ဟားမတ်စ် နိုင်ငံရေးလက်ထောက် ခါလီ အယ်လ် ဟေယာ က အကျဉ်းချုံး ပြောဆို့ခဲ့ပါတယ်။
ဆက်ပြီး သူကပဲ” ဒီအဆိုပြုချက်ကို လေ့လာမှာဖြစ်ပြီး လေ့လာမှုပြီးတဲ့အခါ တုံ့ပြန်မှုကို တင်ပြမှာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။
ရှေ့ကာလတွေတုန်းမှာတော့ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးက ပယ်ချခဲ့ပြီး လည်း ဖြစ်ပါတယ်။၊
အီဂျစ်၊ ကာတာနဲ့ အမေရိကန်တို့ဟာ ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သစ်ကို လက်မှတ်ရေးထိုးဖို့ ကြိုးစားခဲပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလက တစ်ကြီမ်သာ ရက်သတ္တပတ် အပစ်ရပ်သဘောတူညီမှု ရခဲ့ဖူးပြီး အစ္စရေး ဓားစာခံ ၈၀ နဲ့ အစ္စရေး အကျဉ်းထောင်တွေထဲက ပါလက်စတိုင်း ၂၄၀ နဲ့ လဲလှယ်ခဲ့ကြပါတယ်။
Ref: AFP
ပုံစာ။ ဂါဇာအတွက် အမေရိကန်က ရိက္ခာထုတ်တွေတွေ ဝေဟင်ကကျဲချပေးနေပုံ
Feature Image credit: Fox 59



