၉ ဇန်နဝါရီ ၊၂၀၂၄
လောက်ကိုင်ပွိုင့် ၂၂၀၂တောင် ကုန်းပေါ်က စေတီကို MNDAAတပ်ဖွဲ့ဝင်တစ်ဦးက တူနဲ့ထုပြီး ဖျက်ဆီးနေတဲ့ယူနီဖောင်းဝတ်ဆင်ထားတဲ့တပ်သားကိုအရေးယူအပစ်ပေးမှာဖြစ်ပြီး၊ဒီလိုလုပ်တာဟာ MNDAAတပ်ဖွဲ့ကအမိန့်ပေးတာမဟုတ်ဘူးလို့ ဒီကနေ့ညနေပိုင်းက အသိပေးထုတ်ပြန်ပါတယ်။

ရုပ်သံဖိုင်တစ်ခု ဇန်နဝါရီလ၈ရက်နေ့က လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တက်လာတာဖြစ်ပြီး၊ ဒီလိုဖြစ်ရပ်အတွက် တောင်းပန်ကြောင်းပါရှိပါတယ်။
အဲ့ဒီရုပ်သံဖိုင်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်ပြည်သူတို့အကြား ဘာသာရေးနဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာ ထွက်ပေါ်နေတာဖြစ်ပြီး၊အမျိုးသားရေးလှုပ်ရှားသူတွေကလဲ ကန့်ကွက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Visited 55 times, 1 visit(s) today



