ချစ်သူများနေ့လို့ မြန်မာနိုင်ငံမှာ လူသိများတဲ့ဗယ်လင်တိုင်းဆိုတဲ့နေ့က ဖေဖော်ဝါရီ ၁၄ရက် နေ့ဖြစ်ပါ တယ်။ချစ်သူခင်သူတွေအချင်းချင်းအသိအမှတ်ပြုအမှတ်တရဖြစ်စေတဲ့နေ့တစ်နေ့ဆိုလည်း မမှားပါ ဘူး။ ဗယ်လင်တိုင်း ဆိုတဲ့နေ့ရဲ့အဓိပ္ပါယ်ကိုနားလည်တာနားမလည်တာ အရေးတကြီး ကိစ္စမဟုတ်ဘဲ ချစ်ပြီးသူ ခင်ပြီး သူတွေအတွက် နောက်တစ်နေ့မှာ ဆက်ချစ်ဖို့၊ ဆက်ခင်ဖို့ ကိစ္စကသာ အရေးကြီးတာပါ။ ချစ်ပြီးသူ ခင်ပြီး သူတွေ အတွက် မနက်ဖြန် ဆိုတာကို ဆက်လက်ရှင် သန်စေတဲ့ ရည်ရွယ်ချက်လေးတစ်ခုတည်းကိုက ကောင်းနေ တာမို့ ဒီကနေ့အချိန်မှာ မုန်းနေတဲ့ သူတွေခင်ဖို့၊ ချစ်ပြီးသားလူတွေဆက်ချစ်ဖို့ အရေးတကြီး လိုအပ်နေတဲ့ ကာလ လည်း ဖြစ်တာမို့ အဲဒီဗယ်လင်တိုင်းနေ့ အကြောင်းကို အရေးတယူလုပ်ပြီး ပြောဆိုနေရတာပါ။ စိုပြီးသားလက်ကို မ ခြောက် စေနဲ့ဆိုတဲ့ သတိပေးစကား အဓိပ္ပါယ် အင်မတန်လေးနက်ပါတယ်။ ခြောက်ပြီးသားလက်ကို ပြန်စိုဖို့ ဆိုရင် တော့ တစ်ဖက်ဖက်က အနစ်နာ ခံ ပေးဆပ်ရစမြဲပါ။
ဗယ်လင်တိုင်းရာဇဝင်လေး နည်းနည်းပြောပါရစေ။ သတ္တဗေဒအမှန်တရားအရ ငှက်ကလေး တွေက အခုလိုခြောက်သွေ့စနွေဦးကာလမှာစပြီး ကြင်ဖော်ရှာတယ်လို့ ဆိုစမှတ်ပြုရတယ်။ သတ္တဗေ ဒရဲ့ ဥပဒေအရ ပြောရရင် လူသားကဦးဆောင်သူမဟုတ်ပါ။ လူသားကဉာဏ်ရည်ဖွံ့ဖြိုးသော နောက် လိုက်မျိုးဆက်တစ်ခု သက်သက်ပဲ ဆိုတာ အငြင်းပွားစရာ မရှိနိုင်ပါဘူး။ သတ္တလောကမှာ ချစ်ခြင်းထက် အမုန်းတရားက အရင်စလို ဖြစ်တည်ခဲ့တယ်ဆိုတဲ့ အရင်း တရားကို ဘယ်သူငြင်းနိုင်မှာ တုန်း၊ ဒီလိုပြောရတာကလည်း ဒီကနေ့အထိ ချစ်ခြင်း တရားဆီရောက်ဖို့ ဘုမသိဘမသိ အစိမ်းပြင်ပြင် ဆက်ဆံရေးကစရတာကိုး၊ အကြောင်းက မျိုးဆက်သစ် တစ်ခုဖြစ်လာဖို့ မတူတာနှစ်ခုကို ပေါင်းစည်း ပေးရတဲ့ သဘာဝအနေကရှိပြီးသား၊ နွားနို့ထဲ နွားနို့ရောတော့ နွားနို့ပဲပြန်ဖြစ်မှာပေါ့၊ ပြောချင်တာက အဖြူနဲ့ အမည်းပေါင်းရင် အညိုရမယ်။ အဲဒီအညိုကအသစ်ပဲလေ ဒါကို လက်ခံနိုင်ဖို့တော့ လိုလိမ့်မယ်။

ဗယ်လင်တိုင်းကိုယ်၌က အချစ်နဲ့ စခဲ့တာမှမဟုတ်တာ အမုန်းတရားတွေကို နှစ်ကာလ တစ်ခုကြာ သန့်စင်ပြီးမှ ရလာ တဲ့ ချစ်ခြင်းတရားဖြစ်နေတာကိုး။ လောကသဘာဝကိုယ်၌ကလည်း အစိမ်းရောင်ကနဂိုမူလ ပင်မ ရုပ်သွင်ဖြစ် နေတယ်လေ။ အရောင်တွေက ဆန်းကြယ်တယ်။ အစိမ်း ရောင်ကနေ အနီရောင်ပန်းရောင် ဖြစ်ဖို့က ပိုမလွယ်ပါ။ ဖြစ်ချင်ပြီဆို ပြန်တော့ လည်း ဆယ်စုနှစ်တွေ လက်ချိုးရေစရာမလိုပါ။ ဒီနေ့ဖြစ်လို့ရတဲ့ ကာလ ဖြစ်နေပြီလေ။
တကယ်တော့ ဗယ်လင်တိုင်း ဆိုတာကလည်း ပါးစပ်ရာဇဝင် (Oral History)ဆန်တယ်၊ သမိုင်း ရက်စွဲ မှတ်တမ်း (Chronological Dating) သိပ်မတိကျဘူး။ သုတေသန ထုံးနဲ့ကိုက်ပြောရင်တော့ နည်းနည်းပိုဝေး သွားမယ်ထင် ပါတယ်။ ဒါပေမဲ့ စဉ် ဆက်အကျိုး (Impact of Sequence)အရ ပြောရရင် တော့ ဗယ်လင်တိုင်းက ချစ်ဖို့ကောင်းနေတယ်။ အပြစ်မှ မဖြစ်တာကိုး။ ဒါကြောင့် ဗယ်လင်တိုင်းနေ့ ဆိုတာကို တစ်စတစ်စ သမိုင်း သားကျသွားခဲ့ပြီ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလကိုရောက်တိုင်း ကမ္ဘာတစ်လွှားတစ်နိုင်ငံကနေ တစ်နိုင်ငံ တစ်မြို့ကနေ တစ်မြို့ ဒါမဟုတ် သူ့ထံ၊ ကိုယ့်ထံ ပို့စ်ကဒ်တွေ၊ ပန်းစည်းတွေ၊ ချောကလက်တောင့်တွေ အမှတ်တရလက် ဆောင်ပေးကြတယ်။ ကြို တင် ပေးပို့တာ တွေ ရှိပေမဲ့ အဓိကအထိမ်းအမှတ်ရက်ကတော့ ဖေဖော်ဝါရီ လ ၁၄ ရက်နေ့ပါ။
ဗယ်လင်တိုင်းနဲ့ပတ်သက်အစပျိုးတဲ့ ရာဇဝင် သုံး မျိုးလောက်ရှိတယ်။ ပထမရာဇဝင်က ရောမ ခေတ် ကာလ တုန်း က Fertility Festival ဆိုတဲ့ မျိုးစေ့ချ ပွဲတော်ဆိုတာ ရှိခဲ့ဖူးတယ်။ အဲဒီကာလ တုန်းက ရောမမှာ တိကျ တဲ့ကိုး ကွယ် ယုံကြည်မှုဆိုတာမျိုးလည်း မပေါ်သေးဘူးလို့ဆိုပါတယ်။ အဲဒီနေ့ ပွဲတော်နေ့မှာ အပျို၊ လူပျိုအ ရွယ် လေး တွေကို စုရုံး စေပြီး ကံစမ်းမဲခွဲပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အဲဒီညမှာပဲကိုယ်ကာယ နှီး နှော စေ တယ်။ အဲဒီ နောက် တော့ သူတို့ဟာ မေတ္တာမျှသွားကြပြီး လက်ထပ်တဲ့ အဆင့်ထိ ရောက်တယ်။ ဒီလိုဖြစ်စေတာ အဓိက ရည်ရွယ်ချက် ပါ။ အဲဒီ ပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီလ လယ်မှာ ကျင်းပလေ့ရှိတော့ အဆိုပါပွဲကို အစွဲပြုပြီး ဗယ်လင်တိုင်းဆိုတာ ပေါ်လာတာ လို့ ဆိုသူကဆိုကြတယ်။

အခုဆက်ဖော်ပြပေးမှာက ကမ္ဘာမှာ ရေပန်းအစားဆုံး၊ လူထု အလက်ခံဆုံး ဗယ်လင်တိုင်းရာဇဝင် တစ်ခုဖြစ်ပါတယ်။အချိန်ကအေဒီ၂၇၀ကာလရောမမြို့ကြီးမှာဘုရင် ကလောက်ဒီယပ်စ်(၂) အုပ်စိုးစဉ်ကာလပေါ့။ သူဟာပြည်သူအကြိုက် မင်းတစ်ပါးတော့ မဟုတ်ခဲ့ဘူးလို့ဆိုတယ်။ သူဟာ စစ်မက် ကို လိုလားတယ်။ တိုက်ခိုက်ဖို့ရာ အမြဲစဉ်းစားနေတယ်။ အဲဒီအကျိုးဆက်က ဘာလဲဆိုတော့ သူ့စစ်တပ်ကိုအမြဲတမ်း အင်အား ဖြည့်တင်းနေရတယ်။ စစ်တပ်မှာ နုပျိုတဲ့ လူငယ် လူရွယ်တွေက အဓိက လိုအပ်တာလေ။ အဲဒီမှာတင် ဘုရင် ကလောက်ဒီးယပ်စ်က တစ်စုံတစ်ခုကို စဉ်းစားမိတယ်။ လူငယ် တွေက အချိန်တန်ရင် အိမ်ထောင်ပြု သွားကြ တယ်။ ပြီးတော့သားသမီးတွေနဲ့မယားနဲ့အချိန်တွေ နေ့စဉ်ကုန်ဆုံးသွား တော့ တယ် ။ စစ်မှုမထမ်း ချင်ကြတော့ဘူး။ ဒါကြောင့် အရွယ်ရောက်သူတိုင်း လက်ထပ် ထိမ်းမြားခွင့်ကို ဘုရင့်အမိန့်နဲ့ ပိတ်ပင် လိုက်တယ်။ ဆိုလိုတာက လက်ထပ်ချင်ရင် ဘုရင်ဆီ တင်ပြဆိုတဲ့ သဘောပဲ။ ဒါမဖြစ်နိုင်ဘူး ဘုရင်ဆီစကားတစ်ခွန်း ပေါက်ဖို့ ပြည်သူ တစ်ယောက်အနေနဲ့ အဝေးကြီးမှာရှိနေတယ်လေ။ ကုန်ကုန်ပြောရရင် ဘယ်ယောကျ်ားမှ မိန်းမမယူရဘူး လို့ ပညာသားပါပါကွပ် ညှပ်လိုက်တာပဲ။
ဒါကို မတရားဘူးဆိုတာ သိကြပေမဲ့ ဘယ်သူမှ မတတ်နိုင်ဘူး။ မဆန့်ကျင်ရဲဘူး။ ခါးစည်းအံ ကြိတ်ခံ နေကြ ရတယ်။ ဒါပေမဲ့ သူရဲကောင်းက ပေါ်လာတယ်။ ဘုန်းကြီးတော်ကြီးတစ်ပါးပေါ့ မေတ္တာ မျှနေကြတဲ့ လူငယ် ချစ်သူ စုံတွဲကို ဘယ်သူမှ မသိအောင် တိုးတိုးတိတ်တိတ်ခိုးပြီး လက်ထပ်ပေးလိုက်တယ်။ နောက်ဆုံးတော့ အဲဒီ သတင်းက ရှင်ဘုရင့်နားကို ပေါက်ကြားသွားပါလေ ရော။ အဲဒီမှာတင် ဘုရင်က အကြီးအကျယ် ပေါက်ကွဲပြီး အဲဒီဘုန်းတော်ကြီးကို ဖမ်းစေတယ်။ ဖမ်းမိမိချင်းပဲ သံတိုင်တွေနောက်ကို ပို့လိုက်ပါတော့တယ်။ နောက်ပြီးမကြာခင်မှာပဲ အမိန့်တော်အာခံမှုနဲ့ သေ ဒဏ်ချမှတ် ပြီး ကွပ်မျက်လိုက်တယ်။ အဲဒီနေ့ဟာ အေဒီ ၂၇၀၊ ဖေဖော်ဝါရီ ၁၄ရက်နေ့လို့ ရောမသမိုင်း စာအုပ်အချို့မှာ ဖော်ပြပေးထား ပါတယ်။ အသက်ခံခဲ့ရတဲ့ ဘုန်းတော်ကြီး ကတော့ Valentine လို့အ မည်ရပါသတဲ့။
ဇာတ်လမ်းက ဒီမှာတင်ရပ်မသွားပါဘူး။ ဘုန်းတော်ကြီး ဗယ်လင်တိုင်း အကျည်းစံဘဝနဲ့ ရှိနေ တဲ့အခိုက် အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ် ခဲ့တယ်လို့ဆိုတယ်။ အခြားသူမဟုတ် ထောင်မှူးရဲ့ သမီးငယ်လို့ သိရတယ်။ ဘုန်တော်ကြီး ဗယ်လင်တိုင်းကို သနားဂရုဏာဖြစ်လို့ထောင်ထဲကို မကြာခဏ ဝင်ပြီး ဗယ်လင်တိုင်းကို အစောရေစာတွေ ပေးပြီး အားပေးနှစ်သိမ့်ပေးသူဖြစ်တယ်။ အဲဒီ ကမှနေပြီး ချစ်ကြိုက်သွား ခဲ့ကြတာလို့ မှတ်တမ်းတွေက ဖော်ပြပါတယ်။ ဒီလိုဖော်ပြနိုင်တာကလည်း အဆိုပါ ဗယ်လင်တိုင်း ကွယ်လွန်ပြီး နောက် ထောင်မှူးကြီးရဲ့ သမီးထံသို့ From Your Valentine လို့ အောက်ခြေမှာ လက်မှတ်ထိုးထားတဲ့ စာတစ် စောင်ကို တွေ့ရှိရာက ခြေရာကောက်မိတာလို့ ဆိုပါ တယ်။ တချို့မှတ်တမ်းတွေကတော့ ဗယ်လင်တိုင်းဟာ ထောင်ထဲမှာပဲ ဖျားနာပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဗယ်လင်တိုင်းလက်ဆောင်လေးတွေရဲ့ အောက်မှာ From Your Valentine ဆိုတဲ့လက်မှတ်လေးထိုးပြီးမှ ပေးလေ့ရှိတာ အစဉ်သဖြင့်ပေါ့။

ကမ္ဘာပေါ်မှာ အထိမ်းအမှတ်ကဒ်တွေ အပြန်အလှန်ဖို့ကြတဲ့ ပွဲတော်ထဲမှာ ခရစ္စမတ်နဲ့ နှစ်သစ် ကူးပွဲတော် ကနံပါတ်တစ်ပါ။ အဲဒီကာလမှာ ကမ္ဘာတစ်ဝန်းကဒ်တွေ လေးဘီလျံလောက် အပြန်အလှန်ပို့ ကြတယ်။ သူပြီး ရင်တော့ ဒုတိယအများဆုံး ပွဲတော်က ဗယ်လင်တိုင်းလို့ ဆိုပါတယ်။ ကဒ်ပေါင်း နှစ်ဘီလျံနီးပါး ပို့ကြတယ်လို့ သိရတယ်။ ဒီလိုမျိုးကဒ်ပေးပို့သူ တွေထဲ မှာ ၈၅ရာခိုင်နှုန်းက အမျိုးသမီး တွေလို့ဆိုပါတယ်။ ဒီလို အရေအတွက် များလာရတာကလည်း ဗယ်လင်တိုင်းရဲ့ အနှစ်သာရ ကိုယ်၌က ကာမချစ်ခြင်းတစ်မျိုးတည်းကို အခြေခံတာ မဟုတ်ပဲ ဂရုဏာချစ်ခြင်းတရားပါ စိမ့်ဝင်နေတာမို့ ချစ်သူ ရည်းစား၊ လင်မယားချင်းသာမက၊ သမီးက အဖေ ဆီပို့တယ်၊ သားက အမေ့ဆီပို့တယ်။ တစ်ချို့က ကိုယ်အလုပ်ရှင်ဆီပို့တယ်။ သူငယ်ချင်း အချင်းချင်းပို့တယ်၊ ယုတ်စွအဆုံးကိုအိမ်မှာ ချစ်တဲ့ ခွေး လေး၊ ကြောင်လေးတွေအတွက်တောင် ကဒ်ကလေး တွေ ပေးတာမျိုး သူတို့ကြိုက်တဲ့ အစာလေးတွေ အဲဒီနေ့မှာ ဂရုစိုက်ပြီးကျွေးတာမျိုးတွေလုပ်လာကြတယ်။ ကမ္ဘာမှာ ဗယ်လင်တိုင်းကဒ် ဆိုရင်အမျိုး ၅၀ ကျော်အသင့်ရိုက်နှိပ်ပြီးသားတွေ ရောင်းချပေးပါတယ်။ အဖေ ကဒ်၊ အမေကဒ်၊ သူငယ် ချင်းကဒ်၊ ချစ်သူကဒ် အစရှိသဖြင့်ပေါ့ မိမိ နှစ်သက်ရာ ဝယ်ပြီး လက်မှတ်ထိုးပို့ လိုက်ရုံပါပဲ။ ချောကလက် တွေ လည်း အရမ်းရောင်း ကောင်းတယ်။ ချစ်သူစုံတွဲတွေကတော့ ချောကလက်ကို ပိုပြီး အာရုံစိုက်ကြတယ်။ ဗယ်လင်တိုင်းရဲ့ အရောင် ကိုတော့ အနီလို့ သတ်မှတ်ပါတယ်။
အခုဆို ကမ္ဘာတစ်လွှားမှာရှိတဲ့ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ မက္ကဆီကို၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဩစတြေးလျ၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ အပါအဝင် အရှေ့တောင်အာရှနိုင်ငံအားလုံးနီး ပါးလည်း ဗယ်လင်တိုင်းနေ့ကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲလေ့ရှိပါတယ်။ အသက်အရွယ်မရွေး ဆင်နွှဲလို့ ရတဲ့ပွဲတော်တစ်ခုအဖြစ် တစ်ကမ္ဘာလုံးကို ဒီနေ့အချိန်မှာ ကူးစက်ပျံ့နှံ့သွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ချစ်ခြင်းက အရာရာကို ကျော်လွှားနိုင်တဲ့ အစွမ်းသတ္တိတွေနဲ့ ပြည့်နေတဲ့စိတ်တန်ခိုးတစ်ခုဆို တာနား လည်လာ ကြပြီလေ။ ဒါက စိန့်ဗယ်လင်တိုင်း (ဘုန်းတော်ကြီး ဗယ်လင်တိုင်း) ကပေးခဲ့တဲ့ လက်ဆောင်အမွန် တစ်ခုပဲပေါ့။

By Nicolas K