စားသုံးဆီကိုသတ်မှတ်စျေးနှင့်မရောင်းသူ ၃ ဦး အရေးယူခံရ

၂၇ စက်တင်ဘာ၊၂၀၂၃

ရန်ကုန်တိုင်းဒေသကြီးအတွင်းစားသုံးဆီကိုသတ်မှတ်စျေးနှင့်မရောင်းသူ ၃ ဦး အရေးယူထားကြောင်း ရဲတပ်ဖွဲ့က သိရသည်။

စက်တင်ဘာလ ၂၇ ရက် (ယနေ့)တွင်လှိုင်သာယာ(အရှေ့ပိုင်း)မြို့ နယ်၊ ရေဥက္ကံကျေးရွာ၊ စက်မှုဇုန်(၃)၊ ဗန်းမော်အတွင်းဝန်လမ်းနှင့်ဦးရွှေအိုး လမ်းထောင့်တွင် ပြင်ပဈေးဖြင့် ဆီအရောင်း၊အဝယ်ပြုလုပ်နေကြောင်းသတင်းအရသွားရောက်စစ်ဆေးစဉ် တွေ့ရှိချက်အရ အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သွားရောက်စိစစ်ခဲ့ရာ လင်းထက် ပါ (၃)ဦးမှ Light truck အမျိုးအစား ယာဉ်အမှတ် 2J/5168. ယာဉ်တစ်စီးပေါ်တွင် ဆီ(၁)ပိဿာ(၆၅၀၀)ကျပ် နှုန်း၊ (၅၀)ကျပ်သားပါ ဆီဗူး(၂၈၈)ဗူး ရောင်းချနေသည်ကို တွေ့ရှိသဖြင့် ဖမ်းဆီး ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းတို့မှာဟန်ဇာမင်း(၂၉)နှစ်၊ DiamondDragon ဆီစက်ရုံ ယာဉ်မောင်း၊မင်းရဲ ကျော်စွာ(၂)လမ်း၊ (၃)ရပ်ကွက်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်။ဝေလင်းထက်(၂၈)နှစ်၊ Diamond Dragon ဆီစက်ရုံ အရောင်းစာရေး၊ သဇင်လမ်း၊ ညောင်ကျေးရွာ၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေသူနှင့်ရဲမင်း(၁၆)နှစ်၊ ဈေးရောင်း၊ မေတ္တာလမ်း၊ ညောင်ကျေးရွာ၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တို့(၃)ဦးတို့ဖြစ်ကြောင်းသိရသည်။

အဆိုပါ ၃ ဦးအား စက်မှုဇုန်(၁)၊ ဦးထွန်းညိုလမ်းရှိ Diamond Dragon ဆီစက်ရုံမှသန့်စင်ပြီးစားအုန်းဆီ(၅၅၀)ပိဿာကို (၅၀)ကျပ်သားဝင် ပလပ် စတစ်ဗူးဖြင့် ထည့်သွင်း၍ ဗူးပေါင်း(၁၁၀၀)ဗူးကို ကော့မှူးမြို့နယ်တွင် ကိုယ်စားလှယ် အဖြစ် (၁)ပိဿာလျှင် (၅၄၀၀)ကျပ်နှုန်း ရောင်းချပေးရန် စေခိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သို့သော်လည်း၎င်းတို့က (၄၀၆)ပိဿာ၊ ဆီဗူး(၈၁၂)ဗူးသာ ကော့မှူးမြို့နယ်တွင် ရောင်းချခဲ့ပြီး ကျန်ရှိသည့် (၁၄၄)ပိဿာ ထည့်ဝင် ထားသော ဆီဗူး(၂၈၈)ဗူးကို ရောင်းချခြင်းမပြုဘဲ (၁)ပိဿာ(၆၅၀၀)ကျပ်နှုန်းဖြင့် ပြင်ပတွင် ရောင်းချရန် ဆောင်ရွက်နေစဉ် စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူးကအမှု ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *