စဥ့်ကူးမြို့နယ် ရွာသာယာကျေးရွာမှာ Drop Bombနဲ့တိုက်ခိုက်ခံရပြီး ပြည်သူ၅ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊စဥ့်ကူးမြို့နယ်၊ဟင်္သာမ ကျေးရွာအုပ်စု၊ရွာသာယာကျေးရွာတောင်ဘက်က နွားတင်းကုပ်တစ်ခုအနီးကို စက်တင်ဘာလ၁ရက်နေ့ မွန်းလွဲ၂နာရီခွဲခန့်ကDrop Bombချ တိုက်ခိုက်ခံရပြီး ပြည်သူ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဘယ်အဖွဲ့က တိုက်တာလဲတော့ မသိဘူး။ရွာရဲ့အနောက်ဘက်၅မိုင်လောက်အကွာက ဝက်လက်မြို့နယ်၊ရေလည်မှော်ကျေးရွာဘက်ကနေ Drone ၂စီး ရောက်လာပြီး Drop Bombချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်´´လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Drop Bombချတိုက်ခိုက်မှုကြောင့် ဦးကျော်နိုင်(၄၂နှစ်)မှာ ဦးခေါင်းယာဘက်ချိုစောင်း၊ယာနားရွက်၊ ယာမေးစေ့၊ယာလက်ဖျံ၊ ယာချိုင်းအောက်၊ဝဲပေါင်၊ဝဲခြေသလုံး၊ယာဖနောင့်ဗုံးစထိမှန်စုတ်ပြဲဒဏ်ရာ(စိုးရိမ်ရ)၊မောင်ဇွဲလင်းကျော်(၂၀နှစ်)မှာ ယာခါးဆစ်၊နောက်ကျော၊တင်ပါးဆုံ၊ယာခြေသလုံး၊ဝဲ/ယာပေါင်၊ယာချိုစောင်း ဗုံးစထိမှန်ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)၊ဒေါ်သီသီခိုင်(၅၀နှစ်)မှာ နောက်စေ့၊ဝဲပါး၊ဝဲ နားရွက် ဗုံးစထိမှန်ဒဏ်ရာ၊ဝဲတင်ပါးဆုံနှင့်နောက်ကျော ဗုံးစထိမှန်စုတ်ပြဲဒဏ်ရာ(စိုးရိမ်ရ)၊ ဒေါ်ထွေးကြည်(၉၀နှစ်)မှာ နောက်ကျော၊ဝဲလက်ဖျံပေါက်ပြဲ၊ဝဲလက်ခလယ်နှင့် လက်သူကြွယ်ကျိုး ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဒေါ်တင်တင်ခိုင်(၄၇နှစ်)လယ်/ပြ၊အ ထကခွဲ၊ဟင်္သါဖိုမှာ ယာလက်မောင်း၊ယာချိုင်းအောက်နှင့်ဝဲ/ ယာခြေသလုံး ဗုံးစထိမှန်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *