စဥ့်ကူးမြို့နယ်မှာ အမျိုးသား၂ဦးနဲ့အမျိုးသ မီး၂ဦး သေနတ်နဲ့ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊စဥ့်ကူးမြို့နယ်၊ငွေတောင်ကျေးရွာမှာ စားသောက်ဆိုင်များဖွင့်လှစ်ထားတဲ့ လင်မယားများဖြစ်တဲ့အမျိုးသား၂ဦးနဲ့အမျိုးသ မီး၂ဦးတို့ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ပစ်သတ်တာကိုခံရခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo– MDY Image

ဖြစ်စဉ်မှာ စက်တင်ဘာလ၁၇ရက်က စဥ့်ကူးမြို့နယ်၊ငွေတောင်ကျေးရွာက မြနန်းဟေမာန် စားသောက်ဆိုင်နဲ့ ကုဋေစုစားသောက်ဆိုင် ၂ဆိုင်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ မော်တော်ယာဉ်တစ်စီးနဲ့ ရောက်ရှိလာပြီး မြနန်းဟေမာန် စားသောက်ဆိုင်ပိုင်ရှင် ဦးသိန်းဇော်ကို ဆိုင်ရှေ့မှာ ပစ္စတိုနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဦးသိန်းဇော်ရဲ့ဇနီး ဒေါ်သဲနုငယ်၊ ကုဋေစု စားသောက်ဆိုင်ပိုင်ရှင် ဦးခင်မောင်ချင်းနဲ့ဇနီးဖြစ်သူ ဒေါ်လွင်လွင်ဌေးတို့ ၃ဦးကို မော်တော်ယာဉ်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စဥ့်ကူးမြို့နယ်၊ညောင်ဝန်းကျေးရွာနဲ့ရွှေပြည်ကျေး ရွာကြား မန္တလေး-မိုးကုတ်ကားလမ်းမကြီးဘေးအရောက်မှာ လက်နက်ငယ်များနဲ ပစ်ခတ်သတ်ဖြတ်သွားတာလို့ သိရပါတယ်။

Visited 60 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *