စသုံးလုံးညွှန်ချုပ်ကို အပြောင်းအလဲလုပ်

၇ စက်တင်ဘာ၊၂၀၂၃

စသုံးလုံးညွှန်ချုပ် နေရာကို ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိအဆင့်တစ်ယောက်နဲ့ အစားထိုးလိုက်တယ်လို့ သတင်းထွက်နေပါတယ်။

ခိုင်လုံတဲ့ သတင်းရပ်ကွက်က ပြောပြတာကတော့လက်ရှိဖြစ်ပေါ်နေတဲ့ ရွှေ ‌၊ဒေါ်လာ ဈေးကစားတာနဲ့ပတ်သက်ပြီး အပြောင်းအလဲလုပ်တာဖြစ်တယ်လို့ဆိုပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်ရဲ့နေရာမှာကာကွယ်ရေးဝန်ကြီးဌာနက ဦးအောင်ဇော်လင်း ကို အစားထိုးလိုက်တာပါ။

အသစ်ရောက်လာတဲ့ ညွှန်ချုပ်ဟာရွှေ နဲ့ဒေါ်လာအပြင်အိမ်ခြံမြေ ၊ပို့ကုန်သွင်းကုန် လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို စောင့်ကြည့်စစ်ဆေးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ ဦးမောင်မောင်ကျော်ကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်က ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ရွှေ့ပြောင်းလိုက်တယ်လို့ သိရပါတယ်။

Visited 21 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *