စလင်း-ဆင်ဖြူကျွန်းကားလမ်းမှာ သစ်ပင်လဲတာပိမိပြီး အမျိုးသမီးတစ်ဦးသေဆုံး

ဖြစ်စဥ်မှာ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊မြင်း ခေါင်းကျေးရွာအနီး၊ စလင်း-ဆင်ဖြူကျွန်းကားလမ်းပေါ်မှာအောက်တိုဘာလ၁၇ရက်မနက်၈နာရီခွဲက ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသမီးနှစ်ဦးပေါ်ကို လမ်းဘေးသစ်ပင်ပြိုလဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တာလို့ သိရပါတယ်။

သစ်ပင်ပြိုလဲကျမှာဖြစ်ပွားရာကို စလင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတို့ကို စလင်းမြို့နယ်ကြက်ခြေနီအသင်းက လူနာတင်ယာဉ်နဲ့ စလင်းမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *