စလင်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကားလမ်းများရောကျော်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်ခဲ့

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ်အတွင်း စက်တင်ဘာ၂ ရက်နေ့ညပိုင်းက မိုးသည်ထန်စွာရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေများစီးဆင်းလာမှုကြောင့် ကားလမ်းရေကျော်မှုများဖြစ်ပွားခဲ့ရကာ လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်ခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

ကားလမ်းရေကျော်မှုဖြစ်ပွားခဲ့တဲ့နေရာများမှာ ဥသျှစ်ကုန်းကျေးရွာစလင်းတညောင်ဆိပ်ဖြူမိုင်တိုင်အမှတ်(၅၃/၃)မှ(၅၃/ဝ)ကြားကားလမ်းမပေါ် အမြင့်ပေ(၃)ပေခွဲခန့်လမ်းအရှည်(၁၀၀)ပေအတွင့်းနှင့်တညောင်ကျေးရွာအုပ်စု၊တပ်ကုန်းကျေးရွာအနီး မိုင်တိုင်အမှတ်(၆၁/၅)မှ(၆၁/၇)ကြားတို့တွင်အမြင့်ပေ(၃)ပေခန့် ချောင်းရေပြင်အကျယ်(၂၀၀)ပေအတွင်း တို့ဖြစ်ကြတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ချောင်းရေပြန်ကျသွားပြီဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေးပြန်လည်ကောင်းမွန်လာပြီလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *