မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ်၊ ဈေးမရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်ရှေ့ မှာ စက်တင်ဘာလ၂ရက်မနက်၆နာရီခွဲက စလင်းမြို့နယ်ဆန်စက်လုပ်ငန်းရှင်များက ဆန်တစ်ပြည်ကို (၂၅၀၀)ကျပ်နှုန်းနဲ့ အိမ်ထောင်စု၇၂၀အတွက် ရောင်းချပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။



စလင်းမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအနေနဲ့ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစားသုံးနိုင်ကြစေရန်ရည်ရွယ်ပြီးဈေးနှုန်းချိုသာစွာနဲ့ ကာလပေါက်ဈေးရဲ့ထက်ဝက်လျှော့ချပြီး ရောင်းချပေးခဲ့တာလို့ သိရပါတယ်။