■ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရတာလို့ကနဦးသိရ
ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်၊ပြည်လမ်းမပေါ် မဂိုလမ်းထိပ်မှာ ဇူလိုင်လ၂၇ရက်မနက် ၉နာရီ၅၅မိနစ်က YBSယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။



မီးလောင်မှုဖြစ်ပွားရာကို ကျောက်တံတားမြို့နယ်မီးသတ်စခန်းနဲ့စမ်းချောင်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ၊အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ မီးသတ်အထောက်ကူပြုယာဉ်တစ်စီးတို့နဲ့ မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
