စပိန်အိမ်ရှေ့မင်းသမီးလေး လီယွန်နာ သုံးနှစ်ကြာ စစ်ရေး လေ့ကျင့်မှု စတင်တော့မယ် လို့ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု့

ဖခင်ဘုရင်ကြီးဖေလိပေ၊ မိခင် မိဘုရားကြီးလက်တီဇီယာ၊ ညီမငယ် ဆိုဖီယာ တိုနဲ့ အတူ တွေ့ရတဲ့ မင်းသမီးလီယွန်နာ( ပန်းရောင်ဂါဝန် ဝတ်ထား)
Photo Credit: New My Royal

မာ့ဒရိ၊ မတ် ၁၅

စပိန်ထီးနန်းကို ဆက်ခံမယ့်သူလို့ အများက ထင်ကြေးပေး ယူဆနေကြတဲ့ စပိန်အိမ်ရှေ့ မင်းသမီး လီယွန်နာ ဟာ အခုနှစ် ၂၀၂၃ နှစ်ကုန်ပိုင်းကစ သုံးနှစ်ကြာ  စစ်ရေးလေ့ကျင့်မှုတွေကို  စတင်ရတော့မှာ ဖြစ်တယ်လို့ စပိန်ကာ ကွယ်ရေးဝန်ကြီး မာဂရီတာ ရိုဘဲက  မတ်လ ၁၅ရက် ဗုဒ္ဓဟူးနေ့ က လုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ အတည် ပြု ပြောကြားခဲ့ပါတယ်။

“ဒီနေ့ ဝန်ကြီးအဖွဲ့အစည်းအဝေးမှာ မင်းသမီးလီယွန်နာ ကို စစ်ရေးလေ့ကျင့်မှု တာဝန် ပေးအပ်ဖို့ ရည်ရွယ်ထား တဲ့ တော် ဝင် အမိန့်ကို အတည်ပြုလိုက်ပါပြီ” လို့ ရိုဘဲ က ပြောပါတယ်။

ဘုရင် ဖေလိပေ(၆)ရဲ့ သမီးတော်နှစ်ဦးထဲကမှ သမီးကြီးဟာ ထီးနန်းဆက်ခံဖို့ ပထမဆုံးအခွင့်အရေးရှိသူဖြစ်ပြီး ဖခင်ဘုရင် ကြီး ရာထူးကဆင်းသည်ဖြစ်စေ၊သေဆုံးသွားခဲ့ရင်  စစ်တပ်ရဲ့ အကြီးအကဲနေရာ တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒိနောက် တော့ ဘုရင်မကြီး ရာထူးအထိ ဆက်ခံဖို့ လမ်းပွင့်နေသူလည်း ဖြစ်ပါတယ်။

“အချိန်ကျရောက်လာတဲ့အခါ  ကာကွယ်ရေးဦးစီးချုပ်အမျိုးသမီးတစ်ဦးနေရာကို ရောက်လာမယ် ဆိုတာကို ရည်ညွှန်း နေတာ ဖြစ်ပါတယ်။ ဒါဟာ အမျိုးသမီးတွေကို လက်နက်ကိုင်တပ်ဖွဲတွေထဲ ထည့်ဝင်ပေါင်းစပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်” လို့လည်း ဆိုပါတယ်။

လီယွန်နာရဲ့ စစ်ပညာသင်ကြားရေး လေ့ကျင့်မှု သုံးနှစ်တာ ကာလကို လာမယ့်   ဩဂုတ်လ နဲ့ စက်တင်ဘာလ ကြားမှာ စတင်ဖွယ်ရှိတယ် လို့လည်း သိရပါတယ်။

စပိန်အိမ်ရှေ့မင်းသမီးလေး လီယွန်နာကို ဖခင် စပိန်ဘုရင်ကြီး ဖေလိပေ(၆) နဲ့ မိခင်ဖြစ်သူ လက်တီဇီယာ အောတိ့ဇ် ရိုကာဆိုလနို တို့ ပေါင်းဖက်ပြီး ၂၀၀၅ခုနှစ် အောက်တိုဘာလ ၃၁ရက် က စပိန်နိုင်ငံ မာ့ဒရိ မှာ သမီးဦး အဖြစ် မွေးဖွားခဲ့ တာဖြစ်ပါတယ်။

Ref: AFP

၂၀၂၂ အောက်တိုဘာ ကအခမ်းအနား တစ်ခုမှာ တွေ့ရတဲ့ အိမ်ရှေ့မင်းသမီး လီယွန်နာ
Photo Credit:© Casa de S.M. el Rey
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *