စပိန်နိုင်ငံ ကန်နရီကျွန်းစုကို ရောက်လာတဲ့ လှေစီးရွှေ့ ပြောင်းလာသူ ၇၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့

ကန်နရီ(စပိန်)၊ နိုဝင်ဘာ ၈

စပိန်နိုင်ငံ ကန်နရီကျွန်းစုတွေအနားမှာ  လှေလေးစင်းနဲ့ ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစာခဲ့တဲ့ လူ ၇၀၀ကျော်ကို စပိန်တာဝန်ရှိသူတွေက ကယ်ဆယ်နိုင်ခဲ့တယ်လို့ နိုဝင်လာ ၇ရက် သတင်းတွေအရ သိရပါတယ်။

သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ သူတွေထဲကမှ နှစ်ယောက်က သေဆုံးနေတာကို တွေ့ရပြီး နောက်ထပ်နှစ် ယောက်က ဆေးရုံအရောက်မှာ သေဆုံးခဲ့သလို တခြား ၁၂ယောက်ကတော့ ဆေးကုသမှု ခံနေရတယ်လို့ သိရပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီ ၁ ရက်က စလို့ အောက်တိုဘာ ၃၁ ရက်အထိ ရွှေ့ပြောင်းနေထိုင်သူ ၃၀,၀၇၅ ယောက် အထိရှိနေပြီလို့ စပိန်ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အခု ၂၀၂၃ခုနှစ် အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ကာလတူ အချိန်ကထက် နှစ်ဆကျော် ပိုများလာတယ်လို့လည်း သက်ဆိုင်ရာက ကြေငြာ ထားပါတယ်။

စပိန်ပိုင် ကန်နရီ ကျွန်းစုတွေဟာ  မော်ရိုကိုနိုင်ငံရဲ့ အနောက်ဘက်ကမ်းလွန်မှာ  တည်ရှိတာ ဖြစ်ပါတယ်။

အခုလို  ကျွန်းစုအနားတစ်ဝိုက်ကို  ရွှေ့ပြောင်းဝင်ရောက်မှုဟာ အချိန်တိုင်း မြင့်မားနေတယ်လို့လည်း သိရပါတယ်။

စပိန်နိုင်ငံ ကန်နရီ  ကျွန်းစုတွေဟာ အာဖရိကအနောက်ဘက်ကမ်းရိုးတန်းရဲ့ ကီလိုမီတာ၁၀၀ (မိုင် ၆၀) အကွာမှာ တည်ရှိ နေတာမို့ လှေစီးရွှေ့ပြောင်းဖို့ ကြီုးစားလာသူ အများစုဟာ အာဖရိကသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြေထဲပင်လယ်တစ်ဝိုက်က တင်းကျပ်တဲ့နယ်စပ်ထိန်းချုပ်မှုတွေကြောင့် ရွှေ့ပြောင်းနေထိုင်ချင်တဲ့သူတွေအဖို့ ဥရောပကို ခြေချဖို့ အတွက် ကန်နရီ ကျွန်းစုတွေ ရှိတဲ့ လမ်းကြောင်းဟာ ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။

Ref: CNN

ပုံစာ။ ကန်နရီကျွန်းကိုရောက်လာတဲ့  ဒုက္ခသည်လှေတစ်စီး

Feature Image credit: H. Bilbao/Europa Press/Getty Images

Visited 24 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *