စပိန်က အားလပ်ရက်အပန်းဖြေကျွန်းမှာရှိတဲ့ စားသောက်ဆိုင်ပြိုကျ လူလေးယောက်သေ

ကယ်ဆယ်ရေးလုပ်နေကြပုံ
Photo Credit:
Jaime Reina/AFP/Getty Images

မာယော့ကာ၊ မေ ၂၃

စပိန်နိုင်ငံ  မာယော့ကာကျွန်းက  နာမည်ကြီး အားလပ်ရက်အပန်းဖြေစခန်းတစ်ခုမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ခု ပြိုကျခဲ့လို့ အနည်းဆုံး လူလေးယောက် သေဆုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က မေလ ၂၃ရက် ကြာသပတေးနေ့နှောင်းပိုင်းက CNN ကို ပြောပါတယ်။

မာယော့ကာ ရဲတပ်ဖွဲရဲ့ နောက်ဆက်တွဲ ထုတ်ပြန်ချက်တွေအရကတော့ လူတစ်ဒါဇင်ကျော်ပါ ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အပျက်အစီးတွေအောက်မှာလည်း ပိတ်မိနေတဲ့သူတွေ ရှိနိုင်သေးတယ်လို့ ကယ်ဆယ်ရေး အဖွဲက ပြောပါတယ်။

ပြိုကျတဲ့ စားသောက်ဆိုင်ဟာ ကမ်းခြေမှာ ဆောက်ထားတဲ့ နှစ်ထပ်တိုက်ဖြစ်ပြီး သေဆုံးသူတွေကိုတော့ ပါးမားမြို့က ဆေးရုံတွေဆီကို  ပို့ထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

အခုချိန်မှာတော့ စိတ်ပညာရှင်တွေဟာ  အခင်းဖြစ်ပွားတဲ့ နေရာကို ရောက်လာပြီး ထိခိုက်ဒဏ်ရာရသူတွေကို နှစ်သိမ့်ပေးနေတယ်လို့ ဆိုပါတယ်။

မာယော့ကာဟာ  မြေထဲပင်လယ်ထဲက စပိန်နိုင်ငံပိုင် ဘာလဲရစ်  ကျွန်းစုတွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ကျွန်းဟာ တစ်နှစ်ပတ်လုံး ပူနွေးတဲ့  ရာသီဥတုရှိသလို  ကမ်းခြေတွေလည်း ပေါတာမို့ ဥရောပတစ်ဝှမ်းက ခရီးသွားတွေကြားမှာ  ရေပန်းစားနေတဲ့ နေရာတစ်ခု လည်း ဖြစ်ပါတယ်။

Ref: CNN

ပုံစာ။ ပြိုကျခဲ့တဲ့ စားသောက်ဆိုင်ကို တွေ့ရပုံ

Feature Image Credit:Jaime REina/AFP/Getty Images

Visited 35 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *