ဘန်ကောက်၊ စက်တင်ဘာ ၂၀
ထိုင်းအမျိုးသမီးတစ်ယောက်ဟာ စပါးအုံးမြွေတစ်ကောင်ရဲ့ အကိုက်ကို ခံရပြီး မြွေက အမျိုးသမီး တစ်ကိုယ်လုံးကိုပါ ရစ်ပတ်ထားခံရပြီး နှစ်နာရီကျော်အကြာ ရဲတပ်ဖွဲ့တွေ ရောက်လာပြီး ကယ်တင်ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခု စက်တင်ဘာ ၂၀ရက်နေ့ က ဖြစ်ခဲ့ပါတယ်။
အာရွမ်လို့ ခေါ်တဲ့ အသက် ၆၄နှစ်အရွယ် ထိုင်းအမျိုးသမီဟာ ဘန်ကောက်မြို့ ဆင်ခြေဖုံးရပ်ကွက်က သူ့အိမ်မှာ ဟင်းချက်နေတုန်း ဘယ်လိုရောက်လာမှန်ူမသိတဲ့ စပါးအုံးကြီးတစ်ကောင်က သူ့ခြေထောက်ကို လှမ်းကိုက် လိုက်တာ ခံလိုက်ရတယ်လို့ ပြောပါတယ်။
နောက်တော့ မြွေက အမျိုးသမီးကြီးကို မလွှတ်တော့ပဲ တစ်ကိုယ်လုံးကို ရစ်ပတ်လိုက်တယ်လို့ CNN က ရထားတဲ့ ဘန်ကောက်ရဲတပ်ဖွဲ့ ရဲစစ်ချက် ဗီဒီယိုမှာ အမျိုးသမီးကြီးက ပြောထားတယ်လို့ ဆိုပါတယ်။
ရစ်ပတ်ထားတာ ခံရပြီးတဲ့နောက် လွတ်မြောက်ဖို့ အမျိုးသမီးကြီးက နည်းမျိုးစုံ သုံးခဲ့ပေမယ့် မရခဲ့ဘူးလို ပြောပါတယ်။
အမျိုးသမီးကြီးက အော်ဟစ်အကူအညီတောင်းခဲ့ပေမယ့်လည်း အစမှာ ဘယ်သူမှ မကြားခဲ့ဘူးလို့ ဆိုပါတယ်။ နောက်ဆုံးတော့ အိမ်နီးနားချင်းတစ်ယောက်က သိသွားပြီး ရဲတွေဆီ အကူညီ တောင်းခဲ့တာလို့ သိရပါတယ်။
ရဲတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာတော့ အမျိုးသမီးကြီးဟာ အခန်းငယ်လေးရဲ့ ကြမ်းပြင်မှာ ထိုင်နေပြီး သူ့ခါးကိုတော့ စပါးအုံးမြွေကြီးက ပတ်ထားတာတွေ့ရတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်သူတွေက မိနစ် ၃၀ လောက်အထိ အချိန်ယူခဲ့ရပြီး နောက်တော့ ဆေးရုံကို ပို့ပေးခဲ့တယ်လို့ ပြောပါတယ်။
မြွေကြီးကတော့ လွတ်သွားတယ်လို့လည်း သိရပါတယ်။ ရဲတွေက ”ကျွန်တော်တို့ ဖမ်းလို့ကို မရဘူး” လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြွေမျိုးစိတ် (၂၅၀) ရှိတဲ့ အထဲ အခု စပါးအုံးကြီးက ဗမာမျိုးစိတ်လို့ ထိုင်းအမျိုးသားဥယျာဉ်က ကျွမ်းကျင်သူက ပြောဆိုကြောင်း သိရပါတယ်။
စပါးအုံးမြွေတွေက အဆိပ်မရှိပေမယ့်လည်း သားကောင်ကို မျိုမချမီ သားကောင်ရဲ့သွေးစီးဆင်းမှုကို ရပ်သွားအောင် ရစ်ပတ်ကာ ညစ်ထားပြီး အသက်ရှုမရအောင် လုပ်ကာ သတ်ဖြတ်လေ့ရှိတယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ မြွေပတ်ခံထားရတဲ့ အမျိုးသမီးကြီးကို တွေ့ရပုံ
Feature Image Credit: ABC



