‘စစ်အေးတိုက်ပွဲသစ်’ကို သတိထားဖို့ အာဆီယံကို တရုတ် သတိပေး

ဂျာကာတာ၊ စက်တင်ဘာ ၇

အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ပြီး အာရှနဲ့  အမေရိကန် ထိပ်တန်း အရာရှိတွေ အင်ဒိုနီးရှားမှာ တွေ့ဆုံ ဆွေးနွေး နေတဲ့ အချိန်  တရုတ် ဝန်ကြီးချုပ်က စက်တင်ဘာ ၆ရက်နေ့မှာ “စစ်အေးတိုက်ပွဲသစ်” ကို ရှောင်ရှားရမယ်ဆိုတဲ့ သတိပေး စကား ကို ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

ဒီလို သတိပေးချက်က တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး ဒေသတွင်းက တခြားအင်အားကြီး  နိုင်ငံတွေနဲ့ အငြင်း ပွားမှုတွေ ရင်ဆိုင်နေရခိုက် သူတို့ရဲ့ တံခါးပေါက်မှာ အမေရိကန် ကျောထောက်နောက်ခံ ပြုထားတဲ့ အစုအဖွဲ့တွေ ပေါ်လာ မှာကို ဘေဂျင်းက စိုးရိမ်ကြောင်း ဖော်ပြခဲ့တာလို့ ယူဆရမယ့်အကြောင်း အကဲ ခတ်သူတွေက ဆိုပါတယ်။

“အထင်အမြင်လွဲမှားမှု၊ အကျိုးစီးပွားကွဲလွဲမှု ဒါမှမဟုတ် ပြင်ပဝင်ရောက်စွက်ဖက်မှုတွေကြောင့် နိုင်ငံတွေအကြား သဘော ထား ကွဲလွဲမှုတွေနဲ့  အငြင်းပွားမှုတွေ ဖြစ်ပေါ်လာနိုင်တယ်” လို့ ဂျာကာတာမှာ ကျင်းပနေတဲ့ အာဆီယံ-တောင်ကိုရီးယားနဲ့ အာဆီယံပေါင်းသုံးရပ် တွေ့ဆုံမှုအစမှာ တရုတ်ဝန်ကြီးချုပ် လီချင်းက ပြောဆို လိုက်ပါတယ်။

အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲံ  အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဟာ စက်တင်ဘာ ၆ရက် ဗုဒ္ဓဟူးနေ့မှာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ကနေဒါတို့နဲ့အတူ သီးခြားထိပ်သီးအစည်းအဝေးတွေ ကျင်းပ နေပါတယ်။

၄၃ကြိမ်မြေက် အာဆီယံ ထိပ်သီးအစည်းအဝေးကို အမေရိကန် ဒုသမ္မတ ကမ်မလာ ဟဲရစ်စ်က သမ္မတ ဂျိုးဘိုင်ဒန်နေရာမှာ တက်ရောက်နေပြီး  တရုတ်ဝန်ကြီးချုပ် လီချင်းက သမ္မတ ရှိကျင့်ပင် အစား တက်ရောက် နေတယ်လို့ သိရပါတယ်။

Ref: AFP

ပုံစာအညွှန်း။ စစ်အေးတိုက်ပွဲသစ်ကို ဆန့်ကျင်ဖို့  အရေးကြီးတယ်လို့ တရုတ်ဝန်ကြီးချုပ် လီချင်း ပြောကြားနေစဥ်

Feature Image credit: POOL/AFP/Yasuyoshi CHIBA

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *