စစ်အေးခေတ် မဟာမိတ်တွေနဲ့ ဆက်ဆံရေး ခိုင်မာစေဖို့ အကြောင်းပြချက်နဲ့  ရုရှားနျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအုပ်စု ကျူးဘားနိုင်ငံကို ရောက်နေ

ဟားဗားနား၊ ဇွန် ၁၃

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော အပါအဝင် ရုရှားရေတပ် သင်္ဘောအုပ်စုဟာ စစ်အေးခေတ် မဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေး ခိုင်မာလာမှု အထိမ်းအမှတ်အနေနဲ့ ကျူးဘားနိုင်ငံကို ဇွန် ၁၂ရက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

ရုရှားဖရီးဂိတ်သင်္ဘော Admiral Gorshkov က သင်္ဘောလေးစင်းအနက် ပထမဆုံးသော သင်္ဘောအနေနဲ့ ဟာဗားနားဆိပ်ကမ်းကို ဆိုက်ကပ် ဝင်ရောက်ပြီးတဲ့နောက် သေနတ် ၂၁ လက် ပစ်ဖေါက်ပြီး အလေးပြုခဲ့ပါတယ်။

ကျူးဘားတို့ကလည်း  ဆိပ်ကမ်းကို ကာကွယ်ဖို့ စပိန်တို့တည်ဆောက်ခဲ့တဲ့ သမိုင်းဝင် ၁၈ ရာစုကိုလိုနီခေတ်ခံတပ်ကနေ အမြောက်ဖေါက်ကာ ကြိုဆိုခဲ့ကြပါတယ်။

Gorshkov ဟာ ရုရှားရေတပ်ရဲ့  ခေတ်အမီဆုံး သင်္ဘောတွေထဲက တစ်ခုဖြစ်ပြီး နောက်မှာတော့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော Kazan၊ ကယ်ဆယ်ရေးရေယာဉ်နဲ့ ရေနံတင် သင်္ဘောတစ်စီးတို့ ပါဝင်တယ်လို့ သိရပါတယ်။

ကျူးဘားနိုင်ငံသားတချို့က  ဟာဗားနားပင်လယ်အော်ထဲကို အခုလို ရေငုပ်သင်္ဘောတစ်စင်း ၀င်လာတာကို အရင်က မမြင်ဖူးတဲ့အကြောင်း CNN ကို ပြောတယ်လို့ သိရပါတယ်။

Ref: CNN

ပုံစာ။ ကျူဘားရောက် ရုရှား သင်္ဘောအုပ်စု

Feature Image credit: The Jerusalum Post

Visited 62 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *