၁၄ နိုဝင်ဘာ၊၂၀၃၃
ရှမ်းပြည်နယ်၊မူဆယ်မြို့က အိမ်တစ်အိမ်ကို အမျိုးသားနှစ်ဦး သေနတ်အသုံးပြုကာအမျိုးသမီးကြီးတဦးထဲရှိနေချိန်ဓားပြတိုက်သွားတယ်လို့ မူဆယ်မြို့ခံအချို့က ပြောပါတယ်။
“အိမ်ဝင်းထဲမှာ လူအများကြီးရှိနေတာကို အဘွားရှိတဲ့အခန်းထဲဝင်ပြီး သေနတ်ထောက်ပီး တအိမ်လုံးမွှေသွားတာပါ၊ ဘေးအိမ်မှာ အမေက စာပြနေတော့စာသင်တဲ့ကလေးတွေရှိလို့ အိမ်ဝင်းသော့မခတ်ထားရဘူး လူကဘာမဖြစ်ဘူး။ပစ္စည်းတွေပဲပါသွားတာ “လို့လုယက်ခံရသူရဲ့မိသားစုဝင်တဦးကလို့ပြောပါတယ်
သည်နေ့မနက်၉နာရီခွဲအချိန်က လူတွေအများကြီးရှိနေချိန်၊ ဓားပြတိုက်ခံရတယ်လို့ ဓားပြတိုက်ခံရတဲ့မိသားစုဝင်တဦးက လူမူကွန်ယက်ကနေတဆင့် ဓားပြတိုက်သူနှစ်ဦးရဲ့ cctvရုပ်သံဖိုင်ကိုအသိပေးထားပါတယ်။
ဓားပြတိုက်သူတွေဟာ ကားနဲ့လာရောက်ခဲ့တာ ဖြစ်ပြီး၊ အိမ်ရှင်အမျိုးသမီးကြီးကိုသေနတ်နဲ့ထောက်ပြီး ဖုန်း၊ရွှေ၊ပိုက်ဆံတွေအကုန်ယူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သည်လပိုင်းအတွင်း မူဆယ်မြို့မှာအိမ်ဖောက်ထွင်းမူ၊လုယက်မူ၊ဓားပြတိုက်မူတွေ မကြာခဏ ဖြစ်ပွားနေပေမယ့် ကျူးလွန်သူတွေကိုဖမ်းဆီးရမိခြင်းမရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။