စစ်သားနဲ့ ရဲ အယောင်ဆောင်ပြီး ခိုးဆိုးလုနှိုက် ပြန်ပြေးဆွဲဓါးမြ တွေ ဖမ်းမိ

၁ မတ်၊၂၀၂၄

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မှာ လက်နက်များ ကိုင်ဆောင်ဓားပြတိုက်နေတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးက ဦးစီးအရာရှိနဲ့အဖွဲ့ကို သက်ဆိုင်ရာက ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ည ၁၂ နာရီအချိန်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဓားပြအဖွဲ့ကို တာချီလိတ်မြို့၊ မယ်ခေါင် ရပ်ကွက်၊ စိုက်ပျိုးရေးလမ်း၊ ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး အိမ်ရာမှာ ဖမ်းမိခဲ့တာဖြစ်ပြီး သူတို့အဖွဲ့ဟာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ် ရပ်ကွက်များ အတွင်း စစ်တပ်နဲ့ရဲဝတ်စုံများ ဝတ်ဆင်၍ လက်နက်များ ကိုင်ဆောင်လျက် မကြာခဏ ဓားပြတိုက် လုယုက် ပြန်ပေးမှုများ ပြုလုပ်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။

အဖွဲ့ခေါင်းဆောင်မှာ အသက် ၃၂ နှစ်အရွယ်ဒုတိယဦးစီးမှူး အေးကိုကို ၊ ပါဆပ်ရပ်ကွက်မှ စိုင်းမောင်ထွန်း(ခ)အိုက်ပီး ၊ ဝမ်းလုံးကျေးရွာမှ စိုင်းလှမောင် ၊ ဆန်းဆိုင်း(ခ) ရပ်ကွက်မှ စိုင်းခမ်းတွီ ၊မယ် ခေါင် ရပ်ကွက်မှ ရဲသီဟလွင် ၊ ဝိန်းကျောက်ရပ်ကွက်မှ ကျိုင်းဆံဟိုင်း၊ ဆေခမ်းရပ်ကွက်မှ စိုင်းဆိုင်မိန်း တို့ကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ဖမ်းဆီးခဲ့တဲ့အချိန်မှာ ဩစတေးလျ နိုင်ငံထုတ် STEYR M9 A1 ပစ္စတို သေနတ်(၁)လက်၊ တူရကီနိုင်ငံထုတ် ZORAKI M 906-T ပစ္စတိုသေနတ်(၁)လက်၊ COLT အမျိုးအစား ပစ္စတိုသေနတ်(၁)လက်၊ USA နိုင်ငံထုတ်၊ M4 A1 Carvine M-320461 (၁)လက်၊ ပွိုင့် ၂၂ သေနတ်အရှည်(၁)လက် နဲ့တူရကီနိုင်ငံထုတ် ZORAKI M 906 T ပစ္စတို(၁)လက် စုစုပေါင်း သေနတ်မျိုးစုံ (၆)လက် နဲ့အတူ အဆိုပါ သေနတ်များနဲ့ကျည်ဆံတွေနဲ့Honda Fit အမျိုုးအစား စိမ်းနုရောင် ကား (၁)စီးနှင့် Crown အမျိုးအစား အဖြူရောင်ကား(၁)စီး တစ်စီးတို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ဟာ တာချီလိတ်မြို့ပေါ်မှာ စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်တွေ အယောင်ဆောင်ပြီး ဓါးပြတိုက်၊သူတွေဖြစ်တယ်လို့ သိရပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *