၂၀ နိုဝင်ဘာ၊၂၀၂၃
စစ်လေယာဥ်မှူး (၁) ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့NUGကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
နိုဝင်ဘာလ (၁၁) ရက်နေ့က တော်လှန်ရေးအင်အားစုတွေရဲ့ ပစ်ခတ်မှုကြောင့်လို့ဆိုပြီး ပျက်ကျခဲ့တဲ့ K-8 အမျိုးအစား စစ်လေယာဉ်ကနေ လေထီးခုန်လွတ်မြောက်သွားတဲ့ စစ်လေယာဥ်မှူးဖြစ်သူ ဗိုလ်မှူး ခိုင်သန့်မိုးကို နိုဝင်ဘာလ (၁၉) ရက်၊ နေ့လယ် (၂) နာရီခန့်က ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးခဲ့တာပါ။
သူဟာစစ်တက္ကသိုလ် အပတ်စဥ် ၄၄သင်တန်းဖြစ်ပြီး PDF၊နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ KNDFစတဲ့ အဖွဲ့တွေကဝိုင်းဝန်း ရှာဖွေ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
တပ်မတော်ဘက်ကတော့ လေ့ကျင့်နေရင်း စစ်ချို့ယွင်းလို့ပျက်ကျတာလို့ သတင်းထုတ်ထားပြီး စစ်လေယာဉ်မှူးရဲ့ သတင်းကို မထုတ်ပြန်သေးပါဘူး။
Visited 1 times, 1 visit(s) today