စစ်ဘေးသင့် ယူကရိန်းကလေးငယ်တွေကို ကူညီဖို့ ရုရှားနိုဗယ်ဆုရှင်က သူ့ဆုတံဆိပ်ကို ရောင်းချ

၂၀၂၁ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒီမီထရီ မူရတ်ဖ်

နယူးယောခ်၊  ဇွန် ၂၁

ရုရှားနိုင်ငံ မော်စကိုမြို့  အခြေစိုက် ပုဂ္ဂလိက သတင်းစာ Novaya Gazeta ရဲ့ အယ်ဒီတာချုပ် ဒီမီထရီ မူရတ်ဖ် က စစ်ပွဲကြောင့် ဒုက္ခရောက်နေ ကြရတဲ့ အိုးမဲ့အိမ်မဲ့  ယူကရိန်းကလေးတွေကို ကူညီဖို့ သူရရှိထားတဲ့နိုဘယ်ငြိမ်းချမ်းရေးရွှေတံဆိပ်ကို နယူယော့ခ်က လေလံပွဲတစ်ခုမှာ အမေရိကန်ဒေါ်လာ ၁၀၃ဒဿမ၅သန်းနဲ့ ရောင်းချခဲ့ပါတယ်။

ဆုတံဆိပ်ကိုတော့ အမည်မဖေါ်လိုသူတစ်ဦးက ဖုန်းနဲ့ လေလံဆွဲ ဝယ်သွားတာလို့ အဲဒိလေလံပွဲကို တာဝန်ယူကျင်းပတဲ့ နယူးယော့ခ်က Heritage Auctions က ပြောပါတယ်။

အလှု့ရှင် မူရတ်ဖ် ဟာ ၂၀၂၁ ချီးမြင့်တဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုကို ဖိလစ်ပိုင်ဂျာနယ်လစ် မရီယာ ရက်ဆာနဲ့အတူ ပူးတွဲချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။ ဆုချီးမြှင့်ခံရတဲ့ အကြောင်းအရာကတော့ လွတ်လပ်စွာဖော်ထုတ်ပြောဆိုရေးသားခွင့်ကို ထိန်းသိမ်းကာကွယ်ဖို့ အားထုတ်ခဲ့ကြတာကြောင့်လို့ ဆုချီးမြှင့်တဲ့ကော်မတီက ဆိုပါတယ်။

ယူကရိန်းနိုင်ငံ ကီယက်ဖ်မြို့က စစ်ဘေးရှောင် ကလေးငယ်တချို့

မူရတ်ဖ်ဟာ ဆိုဖီယက်ယူနီယံကြီး ပြိုကြသွားတဲ့နောက် ၁၉၉၃ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့  Novaya Gazeta သတင်းစာရဲ့ပထမဆုံး အယ်ဒီတာအဖွဲဝင်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့သတင်းတိုက်က နိုင်ငံရေးနဲ့ လူမှု့ရေးရာတွေကို အဓိကရေးသားဖော်ပြနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားသမ္မတပူတင်ကို ရဲရဲဝံ့ဝံ့ ထောက်ပြရေးသားနေတဲ့ သတင်းတိုက်တစ်ခုလည်းပဲ ဖြစ်ပါတယ်။

၂၀၂၂ မတ်လ မှာ မော်စကိုက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲ နေချိန် တစ်လလောက်အကြာမှာတော့ မော်စကို အစိုးရနဲ့ သမ္မတပူတင်ကို ဝေဖန်ရေးသားသူမှန်သမျှကို ပြင်းပြင်းထန်ထန် ဖမ်းဆီးနှိပ်ကွပ်လာတာ‌ကြောင့် ပြည်တွင်းမီဒီယာြဖစ်တဲ့ Novaya Gazeta ကလည်း  လတ်တလောမှာ ကိုယ်ရှိန်သတ်ထား ရတယ်လို့ဆိုပါတယ်။ ၂၀၀၀ခုနှစ်ကလည်း  Novaya Gazeta သတင်းသမား အင်နာ ပေါ့ကောလစ်စဖာယာ အပါအဝင် ဆက်စပ်သူ ခြောက်ယောက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

မူရတ်ဖ်က သူရခဲ့တဲ့ နိုဘယ်ဆုက တကယ့်ကို အောင့်မေ့ဖွယ်ရာလို့လည်း ပြောခဲ့သလို့ သူတိုသတင်းစာက သူတွေအတွက်လည်း  အမြဲတမ်း အန္တရာယ်ကြီးကြီး လို့ ‌ ဗီဒီယို တစ်ခုကတဆင့်ပြောပါတယ်။ ဆက်ပြီးတော့ “ ဒီနေ့ပေးချင်တဲ့ သတင်းစကားကတော့ စစ်ပွဲဖြစ်ပွားနေသလို့ စစ်ကြောင့်အတိ ဒုက္ခရောက်နေတဲ ိိသူတွေကိုလည်း ကူညီဖို့ မေ့လျော့ မနေဖို့ပါ” ဆိုပြီး အိုးအိမ်မဲ့စစ်ဘေးဒဏ်ခံနေရတဲ့ ကလေးသူငယ်တွေကို ရည်ညွှန်းပြောဆိုသွားကြောင်း သိရပါတယ်။

Ref: Bangkok post

Visited 15 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *