စစ်ဘေးကြောင့် စာသင်တိုက်တစ်တိုက်လုံး ဘေးလွတ်ရာ ရှောင်နေကြရ

၅ ဖေဖော်ဝါရီလ၊ ၂၀၂၄

ရှမ်းပြည်နယ်၊တောင်ပိုင်း ဆီဆိုင်မြို့

ဇဝနာရာမပရိယတ္တိစာသင်တိုက်ကဆရာတော်နဲ့ သံဃာတော်များ အပါး(၃၀၀)ကျော်တို့ ဆိုက်ခေါင်အရှေ့ဘက်ဟိုနမ်းဒေသမှာ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ၂ရက်နေ့က လက်နက်ကြီးကြောင့် သံဃာတော် ၅၀၀ကျော်သတင်းသုံးနေထိုင်တဲ့ ဇဝနာရာမပရိယတ္တိစာသင်တိုက်ပျက်စီးခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“တမြို့လုံးပျက်စီးနေတယ်။မီးလောင်တာတွေရောကြောင့်မြို့မှာလူမရှိတော့ဘူး၊သံဎာတော်တွေကအစ စစ်ရှောင်နေကြရတယ်။ဟိုနမ်းဒေသက ဆရာတော်များဒါယကာ ဒါယိကာမများ က ဆွမ်းကွမ်းကိစ္စအဆင်ပြေစေရန် စီမံပေးကြတော့ အဆင်ပြေတယ်လို့ကြားတယ်”လို့​ ဆီဆိုင်မြို့မှာ နေထိုင် သူတဦးက ပြောပါတယ်။

ဆိုင်မြို့နယ်မှာ တပ်မတော် နဲ့ PNO ကတဖက်၊ PNLA မဟာ မိတ်တပ်များက တဖက် ၂၀၂၄ ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် တစ်မြို့လုံး နီးပါး တောင်ကြီးမြို့နဲ့အနီးအနားမြို့တွေကိုရှောင်ပြေးနေရတာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ဆီဆိုင်မြို့က ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ပြည်သူများရဲ့နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *