ဂါဇာ၊ ဒီဇင်ဘာ ၂၂
ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့က အစ္စရေးနဲ့ တိုက်နေတဲ့ စစ်ပွဲ မပြီးမဆုံးမချင်း နောက်ထပ် ဓါးစာ ခံတွေကို လွှတ်ပေးတော့မှာ မဟုတ်ဘူးလို့ ဒီဇင်ဘာ ၂၁ရက်မှာအတိအလင်း ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
ဓားစာခံ ၁၀၀ ကျော် လွတ်မြောက်လာပြီးနောက်ပိုင်း အခုလအစောပိုင်းက တိုက်ခိုက်မှုတွေထဲမှာ ဂါဇာက ဟားမတ်စ် တိုက်ခိုက်ရေးသမား ထောင်ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးက ပြောဆိုထားပါတယ်။
ဒီနေ့အထိ ဂါဇာကမ်းမြောင်ဒေသမှာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ အစ္စရေးဘက်ကနေ ပြန်ပေးဆွဲ သွားတဲ့ သူတွေ အယောက် ၁၂၀ လောက် ပြန်လွှတ်မသေးဘူးလို့လည်း အစ္စရေး ဘက်က ပြောပါတယ်။
စစ်ပွဲဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ အရေးကိုတော့ ကုလသမဂ္ဂမှာ အဖွဲဝင်တွေက ဆက်ပြီး ကြိုးစား နေတယ် လို့လည်း သိရပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတုန်းပဲလို့ အမေရိကန်က ပြောဆို အပြီး မဲပေးဖို့ကိုလည်း ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား စစ်ပွဲ ဆက်ဖြစ်နေမယ်ဆိုရင် အငတ်ဘေး အန္တရာယ်ရှိလာလိမ့်မယ်လို့ ကုလသမဂ္ဂက သတိ ပေးထားပြီးလည်း ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုအသစ်ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဒီဇင်ဘာ ၂၀ရက်နေ့ ဗုဒ္ဓဟူးနေ့က လုပ်ခဲ့ ပေမယ့် မအောင်မမြင်ဖြစ်အပြီး ဟားမတ်စ်တွေဘက်က ဒီလို လေသံပစ်လာခဲ့တာပဲ ဖြစ်ပါတယ်။
Ref:BBC
ပုံစာ။ ဂါဇာဘက်မှာ တွေ့ရတဲ့ အစ္စရေး စစ်သားတချို့
Feature Image Credit: Reuters



